ဥ​ရောပတစ်​ခွင်​ မာဖီးယားများကိုဆက်​တိုက်​စီးနင်း ၊ လူ(၉၀)​ကျော်​၊ ကိုကင်း(၃)တန်​​ကျော်​နှင့် ​စိတ်​ကြွ​ဆေး(၁၄၀)ကီလိုဂရမ်​​ကျော်​ဖမ်းမိ

0
14

ဒီဇင်​ဘာ ၆
နိုင်ငံတကာသတင်း

အီတလီနိုင်​ငံက အန်​ဒရန်​ဂီတာမာဖီးယားဂိုဏ်းကိုဦးတည်​ပြီး ဥ​ရောပတစ်​ခွင်​မှာ ဒီဇင်​ဘာလ(၄)ရက်​မှာ စီးနင်းရှာ​ဖွေမှု​တွေရှိ​နေပါတယ်​။

ဘယ်​ဂျီယံ၊ အီတလီ၊ ဂျာမနီနဲ့ နယ်​သာလန်​နိုင်​ငံတို့က ရဲတပ်​ဖွဲ့ဝင်​ရာချီပါဝင်​စီးနင်းခဲ့ပြီး အနည်းဆုံးလူ(၉၀)ဦးကိုဖမ်းဆီးခဲ့ပါတယ်​။

ဒါ့အပြင်​ ကိုကင်း(၃)တန်​​ကျော်​နဲ့စိတ်​ကြွ​ဆေး (၁၄၀)ကီလိုဂရမ်​ကိုလည်း ဖမ်းမိခဲ့ပါတယ်​။
ငွေ​ကြေးခဝါချဖို့အသုံးပြုတဲ့အီတလီအစားအစာဆိုင်​​တွေနဲ့ ​သီးသန့်​ခန်းပါတဲ့​ရေခဲမုန့်​ဆိုင်​​တွေကို အဓိကဝင်​​စီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့လူ​တွေထဲမှာ အန်​ဒရန်​ဂီတာရဲ့ထိပ်​ပိုင်း​ခေါင်း​​ဆောင်​​တွေပါတယ်​လို့ယူဆရတယ်​ဆိုပြီး စီးနင်းရာမှာပါခဲ့တဲ့ရဲ​တွေက​ပြောပါတယ်​။

ပေါ်လင်​နိုစစ်​ဆင်​​ရေးလို့အမည်​​ပေးထားတဲ့အခုစစ်​ဆင်​​ရေးဟာ (၂၀၁၆)ခုနှစ်​ကတည်းကစပြီးအသက်​ဝင်​​နေတာလို့ ဥ​ရောပတရား​ရေးပူး​ပေါင်း​ဆောင်​ရွက်​​ရေးအဖွဲ့(ယူရိုဂျက်​စ်​တ်​)က​ပြောပါတယ်​။

အန်​ဒရန်​ဂီတာမာဖီးယား​တွေဟာ အီတလီ​တောင်​ပိုင်းကာလာဘရီယာမှာအ​​ခြေပြုပြီး ဥ​ရောပကိုကင်းကုန်​သွယ်​မှု(၈၀)ရာခိုင်​နှုန်းကိုထိန်းချုပ်​​နေတဲ့အပြင်​ ဥ​ရောပတဝန်းမှာ ဂိုဏ်းသား(၆၀၀၀)​ကျော်​​လောက်​နဲ့ ဒုစရိုက်​ကျူးလွန်​​နေကြတာပါ။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply