ဒေါ်ခင်မာမြင့်အမှု သရုပ်ဆောင်သီဟတင်စိုး အား စတင်စစ်ဆေး

0
29

ဒီဇင်​ဘာ ၆
သော်​လင်းထက်

လီဆယ်တိုင်းတန်းမှုဖြင့်ပြန်လည် အမှုဖွင့်ခံထားရသော ဒေါ်ခင်မာမြင့်အမှုတွင် သရုပ်ဆောင် သီဟတင်စိုးအား ယနေ့ရုံးချိန်းတွင် စတင် စစ်ဆေးခဲ့သည်။

ရာဇသတ်​ကြီးပုဒ်​မ ၃၈၉ ​ငွေ​ကြေး​ခြိမ်း​ခြောက်​​တောင်း​ခံမှုနှင့်​ပတ်​သက်​၍ တရားလိုပြသက်​​သေအဖြစ်​ ​သရုပ်​​ဆောင်​သီဟတင်​စိုးအားစစ်​​ဆေးခဲ့ ခြင်းဖြစ်သည်။

ဒေါ်ခင်​မာမြင့်​၏ ပြန်​လှန်​​မေးခွန်းနှင့်​ပတ်သက်​၍ တရားလို​ရှေ့​နေဘက်​မှ ကန့်​ကွက်​သည့်​အတွက်​ လာမည့်​ရုံးချိန်းတွင်​ အမိန့်​ချမှတ်​သွားမည်​ဖြစ်​​ကြောင်း တရားရုံးမှသိရသည်​။

သရုပ်​​ဆောင်​သီဟတင်​စိုးမှ တရားခွင်​ ၇လပိုင်း ၁၃ရက်​နှင့်​၁၄ရက်​အတွင်မှဖြစ်​စဉ်​များနှင့်​ ၄င်းတို့အား​ငွေ​ကြေး​သိန်း ၁၀၀​တောင်း​သည့်​အ​ကြောင်းအရာများအားထွက်​ဆိုခဲ့သည်​။

ဒေါ်ခင်​မာမြင့်​မှ ပြန်​လည်​​မေး​မြန်းရာတွင်​ သီဟတင်​စိုးထွက်​ဆိုသော ထွက်​ဆိုချက်​များသည်​ မှားယွင်းကြောင်း ပြောကြားခဲ့ပြီး၊ အခင်းဖြစ်​ညတွင်​ သီဟတင်​စိုးသည်​ အိမ်​သို့ ညနေပိုင်းကတည်းက ပြန်​လာတာဖြစ်​ကြောင်းနှင့်​ ၄င်းအား သားမယားပြုကျင့်​ဖို့ ကြိုးစားကြောင်း ပြန်​လည်​ပြောဆိုရာ တရားလိုရှေ့နေက အမှုနဲ့ မသက်​ဆိုင်​တဲ့အတွက်​ မေးမြန်းခွင့်​မပြုကြောင်း ပြန်​လည်​ကန့်​ကွက်ခဲ့သည်​။

နောက်​တစ်​ပတ်​ရုံးချိန်းအား လာမည့်​ဒီဇင်​ဘာ ၂၀ရက်​သို့ပြန်​လည်​ချိန်းဆိုထားပြီး ယ​င်းရုံးချိန်းတွင်​ အဆိုပါ​မေးခွန်းနှင့်​ပတ်​သက်​၍ အမိန့်​ချမှသွားမည်​ဖြစ်​သည်​။

ယခုအမှုသည်​ရာဇသတ်​ကြီးပုဒ်​မ ၃၈၉ ငွေ​ကြေး​ခြိမ်း​ခြောက်​​တောင်​ခံမှုနှင့်​ ​​ဒေါ်ဇင်​မာဦးက တရားလိုပြုလုပ်​၍ ​ဒေါ်ခင်​မာမြင့်​နှင့်​​ဒေါ်ညိုတို့နှစ်​ဦးအား တိုင်​တန်းထား​သောအမှုဖြစ်​သည်​။

Leave a Reply