အမေရိကန်မေဂျာလိဂ်ကို ပြောင်းဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ

0
203

ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ အာဒါတူရမ်သည် အမေရိကန်မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယား အသင်းကို ဇန်န၀ါရီမှာ ပြောင်းရွှေ့နိုင်ဖို့အတွက် ဆွေးနွေးနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဇန်န၀ါရီအပြောင်းအရွှေ့တွင် လီဗာပူးလ် ကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ကော်တင်ဟို ရောက်ရှိလာပါက အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် အာဒါတူရမ်ကို လက်လွှတ်ဖို့ ရှိနေကြောင်းသိရသည်။

စပိန်အမှတ်ပေးဇယား၏ ထိပ်ဆုံးတွင်ရပ်တည်နေသည့် ဘာစီလိုနာအသင်းသည် ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကော်တင်ဟို ၊ အန်တိုနီ ဂရက်ဇ်မန် ၊ ယာရီ မီနာ စသည့် ကစားသမားများ အပါအ၀င် လူသစ် (၅)ဦးခန့် ထပ်မံခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရသည်။

အမေရိကန်ကလပ်အသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အသက် ၃၀ အရွယ်ရှိ သော တူရမ်သည် ယခင်က အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်သော အဲဗာတန် အသင်းသို့ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်သည်။ တူရမ်သည် ဘာစီလိုနာနှင့် အတူ ပွဲပေါင်း ၁၀၀ ခန့် ကစားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ အသင်း၏ နည်းပြအသစ် ဗယ်ဗာဒီ လက်ထက်တွင် တစ်ပွဲခန့်သာ ပါဝင်ခွင့် ရခဲ့သူဖြစ်သည်။

အဆိုပါ တူရကီနိုင်ငံသားသည် ၂၀၁၅ ခုနှစ်တွင် ဘာစီလိုနာသို့ စတင်ရောက်ရှိခဲ့ပြီး လာလီဂါအမှတ်ပေးပြိုင်ပွဲ ၃၆ ပွဲ ကစားပေးထားကာ နှစ်ရာသီအတွင်း သွင်းဂိုး ၅ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။ လက်ရှိတွင် တူရမ်သည် ပုံမှန်ပွဲထွက်ခွင့် ရရှိရေး အတွက် ဘာစီလိုနာမှ ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

NN

Leave a Reply