ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ်အဖမ်းခံရခြင်းနောက်ကွယ်တွင်မရှိ ဟု ထရမ့်နှင့် ကနေဒါ ဝန်ကြီးချုပ်တို့ ရှောင်ထွက်

0
98

ဒီဇင်ဘာ ၇
နိုင်ငံတကာသတင်း

ဒီဇင်ဘာလ(၁)ရက်မှာ တရုတ်တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအရာရှိချုပ်“မန်ဝမ်ကျိုး”ဟာ အ မေရိကန်ရဲ့တောင်းဆိုချက်အရ အဖမ်းခံရတာကိုမသိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောတယ်ဆိုပြီး အမေရိကန် အာဏာပိုင်တချို့က ဒီဇင်ဘာလ(၆)ရက်မှာပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အဲဒီဖြစ်ရပ်နောက်ကွယ်မှာ ကနေဒါအစိုးရရှိမနေဘူးလို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးကလည်း ငြင်း ဆိုထားပါတယ်။

အသက်(၄၆)နှစ်ရှိနေပြီး ဟွာဝေးကုမ္ပဏီတည်ထောင်သူရဲ့သမီးဖြစ်သလို ကုမ္ပဏီဘဏ္ဍာရေးအရာရှိချုပ်လည်းဖြစ်တဲ့ မန်ဝမ်ကျိုး အဖမ်းခံခဲ့ရတာကို ဒီဇင်ဘာလ(၅)ရက်မှာမှ ကနေဒါတရားရေးဝန်ကြီးဌာနကကြေညာခဲ့တာပါ။

မန်အဖမ်းခံခဲ့ရတဲ့ဒီဇင်ဘာ(၁)ရက်ဟာ G-20ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့တွေ့ဆုံပြီး ကုန်သွယ် ရေးစစ်ပွဲရက်(၉၀)အပစ်ရပ်ထားဖို့ သဘောတူနိုင်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။

ရှီနဲ့သဘောမတူခင် မန့်ကိုအမေရိကန်နိုင်ငံလွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို ထရမ့်မသိခဲ့ဘူးလို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။

ဘာကြောင့်အဖမ်းခံခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကို ကနေဒါက အတိအကျမထုတ်ပြန်ပေမဲ့ အမေရိကန်က အီရန်ကိုချထားတဲ့ ပိတ်ဆို့မှုတွေကို ဟာဝေးကချိုးဖောက်ခဲ့တယ်လို့ယူဆရတဲ့အတွက် စုံစမ်းစစ်ဆေးနေချိန်မှာ အခုဖမ်းဆီမှုပေါ်ပေါက်လာတာပါ။

(5G)နက်ဝါ့ခ်ဖုန်းနဲ့တခြားကွန်ယက်တွေကို ဟွာဝေးကတစ်ဆင့် တရုတ်ကရရှိပြီး သူလျှိုလုပ်ငန်းတွေပိုဖြန့်ကျက်လာမှာကို အ နောက်နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့ ဟွာဝေးကတော့ သူတို့လုပ်ငန်းတွေနောက်ကွယ်မှာ တရုတ်အစိုးရချုပ်ကိုင်မှုမရှိဘူးလို့ငြင်းဆိုထားပါတယ်။

Source-Reuters and BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply