“AA အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး” ဟု တပ်မတော် ထုတ်ပြန်

0
131

ဒီဇင်ဘာ ၇
ပဉ္စမလှိုင်း

တပ်မတော်စစ်ကြောင်းတစ်ခုအား AA လက်နက်ကိုင်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော် က ပြန်လည်ပတ်ခတ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး သွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

တပ်မတော်ထုတ်ပြန်ချက်အရ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၄ ၊ ၅ ရက်တွင် တိုက်ခိုက်မှု ၃ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုများတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၈၀ ခန့်ပါဝင်ပြီး ဒီဇင်ဘာ ၅နှင့် ၆ ရက် နံနက်ပိုင်းတွင်လည်း ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာ အရှေ့ဘက်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး AA အဖွဲ့သည် မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း တပ်မတော်ထုတ် ပြန်ချက်တွင် ပါရှိသည်။

ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲနောက်သို့ လိုက်လံရှင်းလင်းနေ ဆဲဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိတွေ့တိုက်ပွဲများအတွင် AA အဖွဲ့အလောင်း ၄ လောင်း၊ အမ် (၂၂) သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိနှင့် စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ်မျဉ်းအနီး ဆောင်ရွက်လျက်ရှိသည့် ကုလားတန် မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းအား နှောင့်ယှက်ဖျက်ဆီးလိုခြင်း၊ နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း များဆောင် ရွက်နေမှုအပေါ် နှောင့်ယှက်ဖျက်ဆီးလိုခြင်းနှင့် သုံးနိုင်ငံနယ်စပ်ဒေသ မတည်ငြိမ်စေရေးစသည့် ရည်ရွယ် ချက်များဖြင့် တပ်မတော်စစ်ကြောင်းအား ၂၀၁၅ ခုနှစ်မှ စတင်ပြီး AA အဖွဲ့က နှောင့်ယှက်ပစ်ခတ်မှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply