“ဥပဒေအရာရှိဟောင်းများအမှု အွန်လိုင်းနှင့် မီဒီယာများ ဖော်ပြမှုများကြောင့် ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်” ဟု တရားလို ထွက်ဆို

0
141

ဒီဇင်​ဘာ ၇
သော်​လင်းထက်

အဂတိလိုက်​စားမှုနှင့်​တရားစွဲဆိုခံထားရသည့်​ ဥပဒေအရာရှိဟောင်း ၅ ဦးကို ယ​နေ့​နေ့လည်​ပိုင်းက ရန်​ကုန်​တိုင်း​ဒေသကြီး တရားလွှတ်​​တော်​တွင်​ ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ တရားလိုဖြစ်​သူ ဦးမိုးနိုင်​အားစစ်​​ဆေးခဲ့ပြီး စုံစမ်းစစ်​​ဆေးမှုမပြုလုပ်​မှီအ​ခြေ​နေများကို တရားခွင်​အတွင်း၌ ​ပြောကြားခဲ့သည်​။

ယင်းရုံးချိန်းတွင်​ တရားသူကြီးငါးဦးအား ဖမ်းဆီးမှုမပြုလုပ်​မီ သက်​​သေ ၆၁ ဦးကို စစ်​​ဆေးခဲ့​ကြောင်း၊အွန်​လိုင်း​၊ မီဒီယာများ၏ ​ဖော်​ပြချက်​အရ ယင်းအမှုအား ​ကျော်​​ဇောသတင်းအဖြစ်​ သက်​မှတ်​ထားခဲ့​ကြောင်း၊ အဂတိလိုက်​စားမှုအဖြစ်​ထင်​ရှားသည့်​အတွက်​ သက်​ဆိုင်​ရာရဲတပ်​ဖွဲ့များတွင်​ ဖမ်းဆီးခဲ့​ကြောင်းကိုထုတ်​​ဖော်​​ပြောကြားခဲ့သည်​။

အဆိုပါ အဂတိလိုက်​စားမှုနှင့်​တရားစွဲဆိုခံထားရသည့်​ ဥပဒေအရာရှိဟောင်း ၅ ဦးသည်​ ​အောင်​ရဲ​ထွေ​သေဆုံးမှုနှင့်​ပတ်​သက်​သည့်​ စွပ်​စွဲခံရသူ သုံးဦးအား ဇူလိုင်​လ ၂၅ ရက်​​နေ့တွင်​ ၄င်းတို့အား စွဲဆိုထားသည့်​ ပြစ်​မှုကို ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှ ရာဇဝတ်​ ကျင်​ထုံးဥပ​ဒေ ပုဒ်​မ ၄၉၄(က) အရ ရုတ်​သိမ်းခွင့်​ပြု​ကြောင်း အမိန့်​ချမှတ်​ခဲ့ပြီး​နောက်​ နိုင်​ငံ​တော်​မှတရားလိုပြုလုပ်​၍တိုင်​တန်းခဲ့ခြင်းဖြစ်​သည်​။

Leave a Reply