စပါးတိုက်စစ်မှူး ဟာရီကိန်းအတွက် ယှဉ်ပြိုင်ရမည့် ရီးရဲနှင့် မန်ယူ

0
906

ဇန်န၀ါရီ ၆ ၊ ၂၀၁၈

စပါးအသင်း၏ တိုက်စစ်မှူး ဟာရီကိန်းကို ဇန်န၀ါရီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲမက်ဒရစ်အသင်းက ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကလည်း ယင်းကစားသမားကို စိတ်ဝင်စားနေကြောင်း သိရသည်။

တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းအတွက် ငွေကြေးအမြတ်အစွန်းများစွာ ရရှိနိုင်မည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရီးရဲမက်ဒရစ်အသင်းမှ ငွေကြေး အများအပြားဖြင့် ခေါ်ယူနိုင်ရန် ချိတ်ဆက်နေကြောင်း ဥရောပ အားကစား သတင်း များ၌ ဖော်ပြလျှက်ရှိသည်။သို့သော် ရီးရဲမက်ဒရစ်အနေဖြင့် ဟာရီကိန်း၏ အပြောင်း အရွှေ့အတွက် မန်ချက်စတာ ယူနိုက်တက်နှင့် အဓိက ယှဉ်ပြိုင်ရနိုင်ကြောင်း စပိန်မီဒီယာ ဖြစ်သည့် Don Balon က ခန့်မှန်းထားသည်။

ထို့အပြင် ဟာရီကိန်း၏ အပြောင်းအရွှေ့အတွက် မန်စီးတီး ၊ ချယ်လ်ဆီး စသည့် အသင်းများကလည်း စိတ်ဝင်စားနေကြောင်း မီဒီယာများက ရေးသားဖော်ပြလျှက်ရှိ သည်။The Sun သတင်း၏ အကြံပြုချက်အရ မန်ယူအသင်းသည် ဟာရီကိန်းအတွက် ပေါင် သန်း ၁၇၀ ခန့် အသုံးပြုရနိုင်ကြောင်း ရေးသားခဲ့သည်။

စပါးအသင်း၏ နည်းပြ ပိုချက်တီနိုက ဟာရီကိန်းအနေဖြင့် စပါးအသင်းတွင် နှစ်ကာလ ကြာရှည်စွာ ဆက်လက်ရှိနေမည်ဟု ဆိုခဲ့ပြီး အသင်းအောင်မြင်မှုအတွက် သွင်းဂိုးများစွာကို ဆက်လက် သွင်းယူနေလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ ဟာရီကိန်း သည် စပါးအသင်းအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ပြီး ရောင်းကုန်မဟုတ် ကြောင်း အပြောင်းအရွှေ့ဈေးကွက်တွင် ဟာရီကိန်းကို ဈေးကွက် ပိတ်ထားကြောင်း ပြောဆိုခဲ့သည်။

NN

Leave a Reply