၎င်းနှုတ်ထွက်မည့်ကိစ္စ အတည်ပြုပြောကြားချက်များကြောင့် အဖွဲ့ချုပ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဦးနေမျိုးကျော်ပြော

0
388

ရန်ကုန် ၊ ဇန်န၀ါရီ ၆ ၊ ၂၀၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးနေမျိုးကျော် နှုတ်ထွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အတည်ပြုမှတ်ချက်ပြောကြားမည့် စကားများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စည်းလုံးညီညွတ်ရေးနှင့် ဖော်ဆောင်နေ သည့်လုပ်ငန်းစဉ်များတွင် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဦးနေမျိုးကျော်က ဆက်ပြောသည်။

“အစိုးရ၀န်ကြီးကနေရပ်မယ် သို့မဟုတ် နှုတ်ထွက်မယ်။နားမယ် ဘယ်လိုပဲဖြစ်ပါစေ ၊ အဲလို ရက်ကာလတွေမှာ မှတ်ချက်ပြုပြောတဲ့ စကားတွေ၊ အတည်ပြုပြောတဲ့စကားတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းလုံညီညွတ်ရေကိုထိခိုက်စေနိုင်တဲ့စကားမျိုး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖော်ဆောင်နေတဲ့လုပ်ငန်း ဆောင်တာတွေကို ခလုတ်ခသင်းဖြစ်သွားစေမဲ့စကားတွေ ပါသွားမှာကို အရမ်းစိုးရိမ် ပါတယ်။” ဟု ၄င်းကပြောသည်။

ဦးနေမျိုးကျော် အနေဖြင့် နားသည်ဖြစ်စေ နှုတ်ထွက်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ထောက်ခံဝန်းရံသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကအစိုးရ၀န်ကြီးတစ်ဦးအဖြစ်က နားသည်ဖြစ်စေ နှုတ်ထွက်သွားသည်ဖြစ်စေ ကျွန်တော် ကဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဝန်ရံသွားဖို့နဲ့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကိုပြည်သူတစ်ဦးအနေနဲ့ ထောက်ခံဝန်းရံသွားဖို့ ဒီထက်ပိုမြင့်မားတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင် အဖွဲ့ချုပ်ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း သွားပြီ ဆိုတဲ့အဖွဲ့ချုပ်မူဝါဒကို ပြည်သူတစ်ဦးအနေနဲ့ ကူညီပံပိုးချင်တဲ့ သူတစ်ဦးအနေနဲ့ပါ” ဟု ဦးနေမျိုးကျော်ကပြောသည်။

ဦးနေမျိုးကျော်အနေဖြင့် အစိုးရတာဝန်နှင့် ပါတီတာဝန်များမှ နှုတ်ထွက်ခွင့်ပြုရန် စာတင်လိုက်ပြီဖြစ်ကြောင်း ၀န်ကြီးဇနီး ဒေါ်သန်းသန်းနွယ်က သူမ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

“နှုတ်ဆက်ပါတယ်။ဒီနေ့ပဲ ဝန်ကြီးတာဝန် လွှတ်တော်တာဝန်၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ တင်လိုက်ပါပြီ။ ဘယ်သောအခါမှ မပတ်သက်တော့ပါ။ ကျန်တဲ့ ဘ၀သက်တမ်းကိုတော့ ကျွန်မ ပိုင်သွားပြီပေါ့။ သူ့နေရာမှာ သူ့ထက် အရည်အချင်း ပိုရှိမယ့်သူ၊ သူ့ထက် နိုင်ငံရေးကို ဦးစားပေး လုပ်မယ့်သူ၊ မကွေးတစ်တိုင်းလုံး အကြိုအကြားမကျန် သွားနိုင် လုပ်နိုင်မယ့်သူ အစားထိုးပြီး ခရီးဆက်ကြပေတော့။ ခရီးကြမ်းတော့ နှင်ခဲ့ပြီးပြီ။ လက်ကျန် နိုင်ငံရေးကိုတော့ ဆက်လက်ထမ်းဆောင်ဖို့ အရည်အချင်း မရှိပါ။ ဘ၀သင်ခန်းစာတွေ အများကြီး ရလိုက်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အဆက်အသွယ် မလုပ်ကြဖို့ သူငယ်ချင်းတွေ အားလုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ၀န်ကြီးကတော် ဒေါ်သန်းသန်းနွယ် က ၂၀၁၈ခုနှစ် ဇန်န၀ါရီ(၅)ရက်နေ့၌ ၄င်း၏ facebook စာမျက်နှာတွင် ရေးသား ထားသည်။

အဆိုပါရေးသားဖော်ပြချက်နှင့်ပတ်သတ်ပြီး ဦးနေမျိုးကျော်က ၄င်း၏မိန်းမ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခြင်းကို တစ်စုံတစ်ရာ ငြင်းဆိုခြင်း ၊ အတည်ပြုမှတ်ချက်ပေးလိုခြင်း မရှိကြောင်း ပြောသည်။

“နှုတ်ထွက်စာ တင်တယ် ဆိုတဲ့သတင်း ကျွန်တော်တို့ ဆီကိုတော့ မရောက်သေးပါဘူး။ ” ဟု NLD ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကပြောသည်။

ဒီချုပ်အစိုးရ လက်ထက် လက်ရှိအချိန်ထိ ဦးနေမျိုးကျော် အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သူ ၄ ဦးရှိပြီဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်း မင်းဦးသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေး မြူရေး၊ သယံဇာတနှင့် ပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဘဟိန်း နှင့် ဒီချုပ်ပါတီဝင်မအူပင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးစိန်ဝင်းတို့ဖြစ်သည်။
ဦးနေမျိုးကျော်အနေဖြင့် လူမှုရေးကိစ္စ အရှုပ်အရှင်းရှိသည်ဟု ပါတီဗဟိုသို့ တိုင်ကြားခံရသဖြင့် ပါတီက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်ပိုင်း တွင် မကွေးတိုင်းဒီချုပ်အ တွင်းရေးမှူးနှင့် မကွေးတိုင်းလူ ငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း ခဲ့သည်။

ဖြိုးဖြိုး

Leave a Reply