အစိုးရဆန့်​ကျင်​ဆန္ဒပြမှုများ ထပ်​ကြုံနိုင်​သဖြင့်​ ပဲရစ်​မြို့ကိုပိတ်​ထား

0
136

ဒီဇင်​ဘာ ၈
နိုင်ငံတကာသတင်း

လောင်​စာဆီအခွန်​တိုး​ကောက်​ဖို့စီစဉ်​တာ​ကြောင့်​ လူ​နေမှုစရိတ်​မြင့်​တက်​လာတဲ့အတွက်​ နိုင်​ငံတဝန်းေ​​ရာင်​ပြန်​​အင်္ကျီဝတ်​ဆန္ဒပြမှုသီတင်းပတ်​​လေးပတ်​​ မြောက်​မယ့်​အခုတစ်​ပတ်​စ​နေ​နေ့မှာ ပြင်​သစ်​နိုင်​ငံပဲရစ်​မြို့ကိုပိတ်​ထားပြီး လုံခြုံ​ရေးတပ်​ဖွဲ့​ထောင်​ချီ​နေရာချထားပါတယ်​။

အီဖယ်​​မျှော်​စင်​နဲ့တခြားခရီးသွားကဏ္ဍမှာထင်​ရှားတဲ့​နေရာ​တွေကို ပိတ်​ထားပြီး လုယက်​မှု​တွေ​ကို​ရှောင်​နိုင်​ဖို့ ဆိုင်​​တွေကိုပျဉ်​ပြားနဲ့ပိတ်​ထားသလို သံတန်း​တွေကိုလက်​နက်​အဖြစ်​မသုံးနိုင်​ဖို့ လမ်း​ပေါ်ကခုံတန်း​တွေကိုလည်း ဖယ်​ထားပါတယ်​။

ပြင်​သစ်​နိုင်​ငံတဝန်းမှာ ရဲတပ်​ဖွဲ့ဝင်​(၈၉၀၀၀)​လောက်​​နေရာချထားပါတယ်​။

ပြီးခဲ့တဲ့တစ်​ပတ်​က ပြင်​သစ်​သမ္မတနန်း​တော်​ကိုသွားတဲ့လမ်း​ပေါ်ကဆိုင်​​တွေကိုလုယက်​ပြီး ကား​တွေကိုမီးရှို့ခဲ့သလို အာ့ခ်​ဒီထရီ​ယွမ့်​ဖ်​စစ်​သင်္ချိုင်းကိုလည်း ပြင်​သစ်​သမ္မတအီမန်​နျူရယ်​ မက်​ခရွန်​ကိုတိုက်​ခိုက်​တဲ့လမ်း​ဘေးပန်းချီ​တွေဆွဲခဲ့တာကိုကာကွယ်​ဖို့ ရဲတပ်​ဖွဲ့ဝင်​(၈၀၀၀)​လောက်​ကို ပဲရစ်​မှာ​နေရာချထားပါတယ်​။

မက်​ခရွန်​နဲ့သူ့ရဲ့မူဝါဒ​တွေကိုစိန်​​ခေါ်နိုင်​ဖို့ အခုတစ်​ပတ်​လှုပ်​ရှားမှု​တွေဟာ အခန်း(၄)ဖြစ်​တယ်​လို့ ဆန္ဒပြသူ​တွေက လူမှုကွန်​ယက်​ကတစ်​ဆင့်​ သတ်​မှတ်​​ကြေညာ​နေပါတယ်​။

ပြီးခဲ့တဲ့နိုဝင်​ဘာလလယ်​ကတည်းက အပတ်​စဉ်​ရုံးပိတ်​ရက်​​တွေမှာ ​ရောင်​ပြန်​အင်္ကျီဝတ်​ဆန္ဒပြမှု​တွေပြင်​သစ်​နိုင်​ငံတဝန်းမှာပြုလုပ်​ခဲ့ကြပြီး ဆန္ဒပြမှု​တွေ​နောက်​ကွယ်​မှာ လက်​ယာစွန်း​တွေနဲ့မင်းမဲ့စရိုက်​​တွေပူး​ပေါင်းပြုလုပ်​တာလို့ အာဏာပိုင်​​တွေကယူဆ​နေပါတယ်​။

အခွန်​​လျှော့​ကောက်​ဖို့၊ လစာတိုးမြှင့်​​ပေးဖို့၊ ​စွမ်းအင်​​ဈေး​လျှော့​ပေးဖို့၊ ပင်​စင်​စား​တွေကိုပို​ထောက်​ပံ့​​ပေးဖို့တို့သာမက မက်​ခရွန်​နုတ်​ထွက်​​ရေးတို့အထိပါဝင်​ပါတယ်​။

လာမယ့်​(၂၀၁၉)ခုနှစ်​ဘတ်​ဂျက်​မှာ ​လောင်​စာဆီအခွန်​တိုး​ကောက်​မယ့်​ကိစ္စရပ်​နားထားတယ်​လို့ ဒီဖြစ်​ရပ်​​တွေအတွက်​ ​ဖြေရှင်းဖို့ မက်​ခရွန်​ကလွှဲ​ပေးထားတဲ့ပြင်​သစ်​ဝန်​ကြီးချုပ်​ အီဒိုဝါ့ဒ်​ ဖိလစ်​ပီက အခုသီတင်းပတ်​ထဲမှာ​ပြောခဲ့ပြီး ဒီဖြစ်​ရပ်​နဲ့ဆက်​စပ်​ပြီး လာမယ့်​တစ်​ပတ်​မှာမိန့်​ခွန်း​ပြောမယ်​လို့ ပြင်​သစ်​သမ္မတရုံးကထုတ်​ပြန်​ပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply