ဒိုင်ဘာလာအတွက် မန်ယူကို သတိပေးလိုက်သည့် ဂျူဗင်တပ်နည်းပြ

0
6140

ဇန်န၀ါရီ ၆ ၊ ၂၀၁၈

ဂျူဗင်တပ်အသင်း၏ နည်းပြ အယ်လီဂရီသည် မန်ယူအသင်းမှ ပစ်မှတ်ထားနေသည့် တိုက်စစ်မှူး ဒိုင်ဘာလာအတွက် သတိပေးစကားတချို့ကို ပြောကြားလိုက်ပြီဖြစ်သည်။

အာဂျင်တီးနားနိုင်ငံသား ဒိုင်ဘာလာသည် ယခင် ဂျူဗင်တပ်ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ပေါ့လ်ဘာနှင့် အလွန်ခင်မင်ရင်းနှီးသူ ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ဒိုင်ဘာလာ၏ အပြောင်းအရွှေ့အတွက် ပေါ့လ်ဘာထံမှ အကူအညီများကို ရယူသွားနိုင်ကြောင်း မီဒီယာများက ရေးသားခဲ့သည်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက မန်ချက်စတာယူနိုက်တက်အနေဖြင့် ဒိုင်ဘာလာကို မ၀ယ်သင့်ကြောင်း ၊ဒိုင်ဘာလာသည် အသင်း၏ အထောင်တိုက်စစ်မှူး နေရာအတွက် အသုံးမ၀င်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုက်တက်သည် ဝေးကွာနေသော ပရီးမီးယားလိဂ် အမှတ်ပေးဖလား ကို ပြန်လည် ရယူနိုင်ရေးအတွက် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားအင်အား ဖြည့်ဆည်းရန် ပြင်ဆင်နေပြီး ဂရက်ဇ်မန်း ၊ ဒိုင်ဘာလာ တို့မှာအဓိကပစ်မှတ်ဖြစ် ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

NN

Leave a Reply