ဆန်းချက်ဇ်နေရာကို အစားထိုးဖို့အတွက် ဒေါ့မန်တိုက်စစ်မှူး အူဘာမီရန်ကို အလိုရှိနေသော အာဆင်နယ်

0
243

ဇန်န၀ါရီ ၆ ၊ ၂၀၁၈

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်၏ နေရာကို အစားထိုးနိုင်ဖို့အတွက် ဒေါ့မန်အသင်းမှ တိုက်စစ်မှူး အူဘာမီရန်ကို အလိုရှိနေကြောင်း သိရသည်။

အာစင်ဝင်းဂါးအနေဖြင့် အူဘာမီရန်ကို ခေါ်ဖို့ စိတ်မ၀င်စားကြောင်း ငြင်းဆိုထား သော်လည်း ဥရောပ မီဒီယာများ၌ အာဆင်နယ်အသင်း သည် ဒေါ့မန်တိုက်စစ်မှူးကို ခေါ်ယူနိုင်ရေးအတွက် ကြိုးစားနေကြောင်း ဖော်ပြလျှက်ရှိသည်။

အသက် ၂၈ နှစ် ရှိပြီဖြစ်သော ဂါဘွန်နိုင်ငံသား အူဘာမီရန်သည် ပြီးခဲ့သည့် မိုးရာသီ အပြောင်းအရွှေ့တွင် ဒေါ့မန်မှ ထွက်ခွာရန် သတင်းများ ထွက်ပေါ်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ဒေါ့မန် အသင်းနှင့် စာချုပ်အသစ် ထပ်မံချုပ်ဆိုရန် ငြင်းဆိုထားသူလည်း ဖြစ်သည်။

အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်သည် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာရန် စီစဉ်နေပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာအနေဖြင့် ဒူးဒဏ်ရာ ရရှိသွားသော ဂျီဆပ်၏ နေရာကို အစားထိုးနိုင်ရန် ဆန်းချက်ဇ်အား အလိုရှိနေကြောင်း သိရသည်။

အူဘာမီရန်သည် ၂၀၁၇ ခုနှစ်အတွက် ရွေးချယ်သော အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လွဲချော်ခဲ့ပြီး လီဗာပူးလ် တိုက်စစ်မှူး ဆာလပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

NN

Leave a Reply