မန္တလေးတွင် အလှူခံသည့် တရုတ်ဘုန်းကြီး လေးပါးကို လူဝတ်လဲ ထိန်းသိမ်း

0
138

ဒီဇင်ဘာ ၉
နိုင်လင်းဦး

မန္တလေးမြို့အတွင်း လှည့်လည်အလှူခံနေသည့် တရုတ်ဘုန်းကြီး လေးပါးကို ဒီဇင်ဘာလ ၉ ရက်နေ့က အမှတ် (၆) နယ်မြေခံရဲစခန်းတွင် လူဝတ်လဲ ထိန်းသိမ်းကြောင်း သိရသည်။

ယင်းတရုတ်ဖုန်းကြီး လေးပါးကို ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ ဆရာတော်များက ဖမ်းဆီး၍ လူဝတ်လဲကာ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ထံအပ်နှံခဲ့ခြင်းဖြစ်သည်။

“တရုတ်ဘုန်းကြီးတစ်ပါး ပုတီးလေးတွေ ပေးပြီး အလှူခံနေတယ်လို့ သတင်းပေးလာတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့တယ် ။ သူတို့တည်းခိုတဲ့နေရာသွား စစ်တော့ လေးပါး ဖြစ်နေတာ သိရတယ် ။ နေ့လည်ပိုင်းမှာ ဘူတာကြီးနဲ့ ဆေးရုံ ကြီးအနားမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်” ဟု ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဝဆရာတော် ဦးဝိဓူရက မိန့်ကြားသည်။

ယင်းတရုတ်ဘုန်းကြီးများဖြစ်သည့် Mr. Ping ပါ (၄) ဦးမှာ ရိုးရိုးဗီဇာဖြင့် လာရောက်ခြင်းဖြစ်ပြီး သာသနာဝင်ကဒ်ပြားမှာလည်း အတုဖြစ်ကာ ဒီဇင်ဘာလ (၇) ရက်နေ့က ရန်ကုန်လေဆိပ်မှ ဝင်ရောက်၍ အလှူခံခြင်းဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့အတွင်း လှည့်လည်အလှူခံနေသည့် တရုတ်ဘုန်းကြီး လေးပါးကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply