မြန်မာကိုလာပြီး ပြင်ဦးလွင်မှာ ဝိပဿ နာတရားစခန်းဝင်ခဲ့တဲ့ တွစ်တာအမှုဆောင်အရာရှိချုပ် ဝေဖန်ခံရ

0
141

ဒီဇင်ဘာ ၁၀
ဥက္ကာ

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားမယ်ဆိုရင်သွားသင့်တဲ့နေရာထဲမှာပါတဲ့သဘောဆောင်ပြီး တွစ်တာမှာရေးခဲ့တဲ့ တွစ်တာအမှုဆောင်အရာရှိချုပ်ဂျက် ဒေါ်ဆေး ဟာ ဝေဖန်မှုတွေနဲ့ကြုံနေရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မြန်မာနိုင်ငံမြောက်ပိုင်းကို စိတ်အေးချမ်းရာလုပ်ငန်းတွေလုပ်ဖို့ ဒေါ်ဆေးလာရောက်ခဲ့ပြီးနောက် သူရဲ့တွစ်တာစာမျက်နှာမှာရေးခဲ့တဲ့ပို့စ်တွေက အဝေဖန်ခံနေရတာပါ။

လူတွေက ခင်ဖို့ကောင်းပြီးတော့ အစားအစာတွေကလည်း အံ့အားသင့်လောက်အောင်ကောင်းတဲ့အတွက် သွားလည်သင့်တယ်လို့ သူ့ရဲ့Follower(၄)သန်းလောက်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်ဆေးက မြန်မာနိုင်ငံရဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူနည်းစုရဲ့ဒုက္ခတွေကို လျစ်လျူရှုထားတယ်လို့ လူတချို့ကစွပ်စွဲခဲ့ပါတယ်။

ဒါတော်တော်ကြီးတာဝန်ယူမှုမရှိတဲ့လမ်းညွှန်ချက်ဖြစ်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်ပလက်ဖောင်းပေါ်မှာတက်နေတဲ့သတင်းတွေကို သူကဂရုရောစိုက်ရဲ့လားလို့ တွစ်တာအသုံးပြုသူ(၁)ဦးက မှတ်ချက်ရေးသားခဲ့ပါတယ်။

ဝေဖန်မှုတွေကို ဒေါ်ဆေးကမတုံ့ပြန်သေးပေမဲ့ သူ့ရဲ့တွစ်တာပို့စ်(တွိ)တွေကို တုံ့ပြန်တာတွေအတွက် ခြေရာခံလိုက်သွားမယ်လို့ အစောပိုင်းကပြောထားပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply