ခူးပြီးပုံထားသည့် ဖရဲသီးများမှ တစ်လုံးယူစားသူအား ကြိုးတုပ်ပြီး ဓားဖြင့်ခုတ်မှု ဖြစ်ပွား

0
134

ဒီဇင်ဘာ ၁၀
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဖောင်းကတောကျေးရွာတွင် ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးယူစားသူအား ကြိုးနှင့်တုပ်၍ ဓားဖြင့်ခုတ်မှု ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းအချိန် က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖောင်းကတောရွာနေ ဦးဝင်းဆန်း သည် နေအိမ်၌ရှိနေစဉ် မြေးဖြစ်သူ နိုင်ကိုထက် (၁၅) နှစ်အား ဖရဲစိုက်ခင်း ရှိလူများမှဆွဲခေါ်သွားကြောင်း သိရှိရသဖြင့် လိုက်သွားခဲ့ရာ ဖရဲစိုက်ခင်းအတွင်း နိုင်ကိုထက်အား လက်တွင်ကြိုးတုတ်လျက် နောက်ကျော အလယ်ပြတ်ရှ/ ယာနားနောက်ဖူးရောင်ဒဏ်ရာများဖြင့် ထိုင်နေသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့နောက် မေးမြန်းရာ ၎င်းသည် ရဲဝင်းရွှေနှင့်အတူ သားကျင်ရွာရှိ ဖုန်းပြင်ဆိုင်တွင် ဖုန်းရွေးပြီးအပြန် ဖရဲစိုက်ခင်းအတွင်း ခူး၍ပုံထားသော ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးအားယူပြီး ခွဲစားခဲ့သည့်အတွက် စိုက်ခင်းမန်နေဂျာ စိုင်းမောင်ရီ (၂၈) နှစ် နှင့် စိုင်းစိုင်းအောင် (၃၅) နှစ် တို့ (၂) ဦးသည် တဲသို့ဆွဲခေါ်စဉ် ရဲဝင်းရွှေမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တဲထဲအရောက်တွင် နိုင်ကိုထက်၏ လက်အား ကြိုးနှင့်တုပ်၍ ဓားဖြင့် နောက်ကျောခုတ်၊ ဓားအိမ်ဖြင့် ၅ ချက်ခန့်ရိုက်၊ ခြေထောက်နှင့်ကန်ပြီး တုတ်နှင့်ထပ်မံရိုက်ခဲ့ ကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုက်ခင်းမန်နေဂျာ စိုင်းမောင်ရီ နှင့် စိုင်းစိုင်းအောင် တို့ ကို ငါန်းဇွန်မြို့မ ရဲစခန်းတွင် (ပ) ၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၄၂/၁၁၄ အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

Leave a Reply