Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင် ကို ၄ လကြာ အချိန်ယူကာရိုက်ကူးသွားမည်

0
88

ဒီဇင်ဘာ ၁၀
မေစု

Central Base Production က တတိယမြောက်ဇာတ်ကားအဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ဒါရိုက်တာခရစ်စတီးနားခီ ရိုက်ကူးမည့် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီး ကို ၄လကြာအချိန်ယူရိုက်ကူး သွားမည် ဖြစ်ကြောင်း သိရသည်။

ထာဝရနှောင်ကြိုး ဇာတ်ကားတွင် သရုပ်ဆောင် ဇဏ်ခီ ၊ ပိုင်ဖြိုးသု ၊ မင်းညီ ၊ ဂျူးဂျူးကေ ၊ခင်သဇင် စသသည့် သရုပ်ဆောင်များပါဝင် မည်ဖြစ်ပြီး ရန်ကုန်မြို့ အပြင် ငွေဆောင်၊ ပုပ္ပား ၊ပုဂံ၊ ပူတာအို နေရာများသို့လည်း ဇာတ်ဝင်ခန်းများသွားရောက်ရိုက်ကူးမည် ဖြစ်ကြောင်းသိရသည်။

” ရုပ်ရှင်ကတော့ အချစ်ကား အိမ်ထောင်ဇာတ်ကား ဒါပေမယ့် အချစ်ရေးတို့ အိမ်ထောင်ရေးတို့ဆိုတာအပြင်ဘဝ လိုပဲပေါ့လေ သိပ်ပြီးတော့သာယာဖြောင့်ဖြူးနေတာမျိုးမဟုတ်ဖူး။ အိမ်ထောင်ရေး ဆိုတာလည်း ဘဝမှာရင်ဆိုင် နေရတာတွေ အများကြီးရှိတယ်ဆိုတော့ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ဖွဲ့ထားတဲ့ ဇာတ်ပေါ့ ။အမက ကလေးကလားကားတွေသိပ်မရိုက်ဖူး ဟာသကားလည်းမရိုက်ဖြစ်ဖူး အမရိုက်တဲ့ သရုပ်ဆောင်ထဲ ကမင်းသားပုံ က များသောအားဖြင့် အိမ်ထောင်သည် တို့ အရွယ်တစ်ခုရောက်သွားတာတို့များတယ်။ ဟု ဒါရိုက်တာခရစ်စတီးနားခီကပြောသည်။

Now & Ever – ထာဝရနှောင်ကြိုး’ရုပ်ရှင်ဇာတ်ကား ကြီး စာနယ်ဇင်းမိတ်ဆက်ပွဲနှင့်ကန်တော့ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ Melia Hotel (မြန်မာပလာဇာဘေး) တွင်ပြုလုပ်ခဲ့သည်။

” ဒီကားအတွက် က ထူးထူးခြားခြား ပြင်ဆင်ရတာမျိုးတော့ မရှိပါဘူး ။တစ်ချို့ စိတ်ခံစားချက်ထည့်တဲ့ အပိုင်းလေးတွေမှာပဲ လုပ်ရတာနည်းနည်းအခက်အခဲဖြစ်တာလေးတွေရှိမယ်ထင်ပါတယ်။ သုသုနဲ့ တွဲရိုက်ဖြစ်ရတာလည်း အဆင်ပြေ ပါတယ် ” ဟု သရုပ်ဆောင်ဇဏ်ခီ ကပြောသည်။

Central base production အနေဖြင့် တစ်နှစ်လျှင်ဇာတ်ကားနှစ်ကားမှ သုံးကားအထိသာ ရိုက်ကူးနေကြောင်း နှင့် ဥပ္ပါယ်တံမျဥ့် ၊ မုဒြာခေါ်သံ ဇာတ်ကား များ ကို ရိုက်ကူးပြသခဲ့ပြီး တတိယမြောက် ရုပ်ရှင်ဇာတ်ကား အဖြစ် Now & Ever – ထာဝရနှောင်ကြိုး’ရုပ်ရှင်ဇာတ်ကား ကိုရိုက်ကူးရန် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

Photo : ဝေယံ

Leave a Reply