တပ်မတော်နှင့် AA ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများထွက်ပြေး

0
148

ဒီဇင်ဘာ ၉
ညိုမှိုင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ကျေးရွာသားတချို့တို့မှာ ထွက်ပြေးလာခဲ့ကြကြောင်းသိရသည်။

အဆိုပါကျေးရွာသားများမှာ ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း ဖက်ဝမ်းကျောင်းကျေးရွာသားများဖြစ်ကာ ၎င်းတို့မှာ တောင်ပေါ်ဒေသများတွင်နေထိုင်သည့် မြိုတိုင်းရင်းသားများဖြစ်သည်။

“အခုကျွန်တော်တို့ သင်းပုန်းတန်းကျေးရွာကို ရောက်နေကြပါတယ်။ ဘုန်းကြီးကျောင်းမှာ တည်းခိုနေကြပါတယ်။ ရွာကိုတော့ဒီတိုင်းထားပစ်ခဲ့ကြတာပေါ့။ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ရွာနဲ့နီးတော့ အနေရဲဘဲ ထွက်ပြေးလာခဲ့တာပါ။”ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဦးစိန်လှအောင်ကပြောသည်။

တိုက်ပွဲမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ကာ ဖက်ဝမ်းချောင်းကျေးရွာသားများမှာ လက်နက်ကြီးအသံများ ပစ်ခတ်သံများကြားနေရသည့်အတွက် ၈ ရက်နေ့တွင် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရွာကိုတော့ မနေ့ကရာက်လာတာပါ။ အိမ်ထောင်စု ၁၀ စုဖြစ်ပါတယ်။ လူဦးရေက ကလေးရောလူကြီး ပါဆိုရင် ၄၂ ဦးပါ။ သူတို့ကိုလောလောဆယ် ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုဖို့နေရာချပေးထားပါတယ်။”ဟု သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကပြောသည်။

ထွက်ပြေးလာခဲ့ကြသူများထဲတွင် အမျိုးသား ၁၉ ဦးနှင့် အမျုးသမီး ၂၃ ဦးဖြစ်ပြီး ကလေးငယ်များလည်းပါဝင်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Reply