ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ အသုံးပြုပြီး ဆန္ဒပြခဲ့သော မန္တလေးအလုပ်သမားများ ငြိမ်း၊စု၊စီ ဥပဒေဖြင့် အမှုဖွင့်ခံရ

0
161

ဒီဇင်ဘာ ၁၀
နိုင်လင်းဦး

မန္တလေးမြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် စက်မှု မှ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒပြသော အလုပ်သမား ဆန္ဒပြမှုတွင် ခွင့်ပြုမိန့်၌ မပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်ပုံတို့ကို အသုံးပြုခဲ့သောကြောင့် ငြိမ်းစုစည်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဆန္ဒပြမှုအား မြန်​မာနိုင်​ငံစက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံအလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံ (၂၀) နီးပါးမှ အလုပ်သမား (၅၀၀) ကျော်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုတွင် ခွင့်ပြုမိန့်၌ မပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်ပုံတို့ကို အသုံးပြုခဲ့သည့်အတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စည်တန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၀ (စ) အား ဖောက်ဖျက်သည်ဟုဆိုကာ ဆန္ဒပြရန်လျှောက်ထားသူ ကိုတင့်ရှိန်စိုးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စည်တန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“အမှုဖွင့်ထားတာ မသိသေးဘူး ။ သူတို့ဘက်ကလည်း လာမပြောသေးဘူး ။ ဘာမှတ်ချက်မှတော့ မပေးလိုပါဘူး ” ဟု အမှုဖွင့်ခံထားရသည့် မြန်​မာနိုင်​ငံစက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံအလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ မှ ကိုတင့်ရှိန်စိုး က ပြောသည်။

ဆန္ဒပြ အလုပ်သမားများ အနေဖြင့် သမဂ္ဂခေါင်းဆောင်မျာအား အလုပ်ထုတ်ပယ်မှု ရပ်တန့်ရေး ၊ သမဂ္ဂဖြိုခွဲသူများ အလိုမရှိ ၊ စက်ရုံအလုပ်ရုံများအား ဥပဒေနဲ့အညီ စစ်ဆေးပေးရေး ၊ အဂတိလိုက်စားမှု ပပျောက်ရေး ၊ ILO ပြဌာန်းချက် (၉၈) အား အစိုးရမှ လက်မှတ်ရေးထိုးပေးရေး ၊ အလုပ်သမား အငြင်းပွားမှု ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး နှင့် မန္တလေးတိုင်းဒေသကြီးတွင် အလုပ်သမားဝန်ကြီးခန့်ထားရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

Leave a Reply