အောင်​ရဲထွေးအမှု နောက်​တစ်​ပတ်​ရုံးချိန်းတွင်​ မှုခင်းဆရာဝန်​ကို စစ်​ဆေးမည်

0
63

ဒီဇင်​ဘာ ၁၁
သော်​လင်းထက်

သရုပ်​ဆောင်​ အောင်​ရဲထွေးသေဆုံးမှုနှင့်​ ပတ်​သက်​ပြီး နောက်​လာမည့်​ ရုံးချိန်းတွင်​ ရန်​ကုန်​ပြည်​သူ့ဆေးရုံမှ မှုခင်းဆရာဝန်​အား စစ်​ဆေးသွားမည်​​ဖြစ်​​သည်​။

ယ​နေ့ရုံးချိန်းတွင်​ ယခင်​ သုဝဏ္ဍနယ်​မြေ ရဲစခန်းမှူးဟောင်း အမှုစစ်​အရာရှိ ဦးချစ်​ကိုကို အားစစ်​ဆေးခဲ့ခြင်းဖြစ်​သည်​။

အဆိုပါရုံးချိန်း​တွင်​ အမှုနှင့်​ ပတ်​သက်​၍ အခင်းဖြစ်​စဉ်​မှ စွပ်​စွဲခံရသူများ၏ တရားရုံးရှေ့ရောက်​သည်​အထိ စစ်​ဆေးတွေ့ရှိချက်​များနှင့်​ သက်​သေထွက်​ရှိချက်​များ၊သက်​သေခံပစ္စည်းများအား ရုံးတော်​သို့ တင်​ပြခဲ့ဖြစ်​ပြီး၊ ရုံးတော်​မှသက်​သေအဖြစ်​ လက်​ခံခဲ့သည်​။

နောက်​လာမည့်​ ရုံးချိန်းတွင်​ နောက်​ဆုံး တရားလိုပြသက်​သေအနေနှင့်​ မှုခင်းဆရာဝန်​ကို စစ်​ဆေးမည်​ဖြစ်​သည်​။

ဒီဇင်​ဘာလ ၂၄ ရက်​နေ့တွင်​ စွဲချက်​ တင်​သင့်​ ၊ မတင်​သင့်​ကို နှစ်​ဖက်​ရှေ့နေများမှ လျှောက်​လွဲချက်​ပေးကျရမည်​ဖြစ်​သည်​။

လက်​ရှိတွင်​ သရုပ်​ဆောင်​အောင်​ရဲထွေးသေဆုံးမှုနှင့်​ ပတ်​သက်​၍ သန်းထွဋ်​အောင်​အပါ သုံးဦးကို ပုဒ်​မ ၃၀၂ နဲ့ တရားစွဲဆိုထားသည်​။

Leave a Reply