အိမ်​​မွေး​ခွေးပြိုင်​ပွဲ ကျင်းပခဲ့

0
247

မန္တလေး ၊ ဇန်နဝါရီ ၇ ၊ ၂၀၁၈

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်​ကင်း​တောင်​​ခြေရှိ မြင်းစီးကွင်းတွင် ဇန်နဝါရီလ ၆ ရက်နေ့က Myanmar Winner Show 2018 ​အိမ်​​မွေး​ခွေးပြိုင်​ပွဲကျင်းပခဲ့ပါသည်။

ယင်းခွေးပြိုင်​ပွဲအား ဇန်​နဝါရီ ၆ ရက်​ မှ ၇ ရက်​​နေ့အထိ နှစ်ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့မှာ ခွေးအမျိုးအ
စားစုံပြိုင်ပွဲဖြစ်ကာ အမျိုးအစား ၁၀ မျိုး ​ခွေး​ကောင်​​ရေ ၅၀ ခန့်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြသည်။

ဒုတိယနေ့တွင် အယ်​​ဇေးရှင်း​ခွေးအမျိုးအစား သီးသန့်​ပြိုင်​ပွဲ နှင့်​ ရော့​ဝေလာ ​ခွေးအမျိုးအစား သီးသန့်​ပြိုင်​ပွဲများကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ပြီး မ​လေးရှားနှင့်​ ဖိလစ်​ပိုင်​နိုင်​ငံမှ လိုင်​စင်​ရ ပညာရှင်​များက အမှတ်​​ပေးဆုံးဖြတ်​သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply