Facebook ရုံးချုပ်ကို ဗုံးခွဲမည် ဟု ခြိမ်းခြောက်ခံရ

0
115

ဒီဇင်ဘာ ၁၂
နိုင်ငံတကာသတင်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က မန်လိုပါ့ခ်မြို့မှာရှိတဲ့ Facebookကုမ္ပဏီရုံးချုပ်ကို ဒီဇင်ဘာလ(၁၁)ရက်ညပိုင်းက ဗုံးပေါက်နိုင်တယ်လို့ သတင်းခဲ့ရတယ်လို့ကုမ္ပဏီဘက်ကပြောပါတယ်။

အဆောက်အအုံတချို့ကို ရွှေ့ပြောင်းပေးခဲ့ပြီး လူတိုင်းဘေးကင်းတယ်လို့လည်း ပြောပါတယ်။
200 ဂျက်ဖာဆန်လမ်းပေါ်က အဆောက်အအုံတစ်ခုမှာရှိတဲ့လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မန်လိုပါ့ခ်ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆီလီကွန်တောင်ကြားမှာရှိတဲ့နောက်ထပ်နည်းပညာကုမ္ပဏီယူကျူ့ကလည်း အလားတူခြိမ်းခြောက်မှုနဲ့တွေ့ကြုံခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့မေလက အမျိုးသမီးတစ်ဦးက ယူကျူ့ရုံးချုပ်ကို သေနတ်နဲ့ဝင်ပစ်တာကြောင့် လူ(၃)ဦးဒဏ်ရာရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply