ကောင်းမှုတော်စေတီတော်ကြီး ထုံးသင်္ကန်းကပ်ရန် ရွှေသင်္ကန်းများ စတင်ခွာ

0
100

ဒီဇင်ဘာ ၁၂
နိုင်လင်းဦး

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို လက်ရှိ ရွှေဆေးသင်္ကန်းမှ ထုံးသင်္ကန်းပြန်လည်ကပ်လှူရန်အတွက် ဒီဇင်ဘာလ (၁၂) ရက်နေ့က ရွှေသင်္ကန်းများ စတင်ခွာခြင်းကို ဆောင်ရွက်ခဲ့သည် ။

ထိုသို့ ကောင်းမှုတော်စေတီတော်ကြီး အား အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူပူဇော်ရန် အတွက် သြဝါဒစရိယ ဆရာတော်ဘုရားကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းကို စေတီတော်ရင်ပြင်ပေါ်ရှိ အောင်မြေဗောဓိဓမ္မာရုံ တွင်ကျင်းပပြုလုပ်ခဲ့သည် ။

“ဒီနေ့ သီတဂူ ဆရာတော်ကြီးက ဂေါပကတွေနဲ့ လုပ်မယ့် ဝန်ထမ်းများကို သြဝါဒပေးတဲ့ ပွဲလေးလုပ်တယ် ။ ငါးပါးသီလ လုံခြုံအောင် ထိန်းသိမ်းကြဖို့ အဓိက ကတော့ ဝန်ထမ်းတွေ ဒီကာလ အတွင်းမှာ အရက်သောက်တာ မကောင်းတာ မလုပ်ပဲ ဒီအပေါ်မှာ ကြိုးစားဆောင်ရွက်သွားဖို့ သြဝါဒပေးတယ်။´´ ဟု ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ပြောသည် ။

အဖြူဆေးသင်္ကန်းကပ်လှူနိုင်ရန်အတွက် ပညာရှင်များနှင့် တိုင်ပင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီး ရွေးချယ်ခဲ့သည့် အောင်ပြည်တန် ကုမ္ပဏီ က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည် ။ ကနဦးအနေဖြင့် ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်းလုပ်ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဘုရားကြီးအား ရေဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊Flexible Protective Coating (Mapelastic)သုတ်လိမ်းခြင်း၊Elastocolour Paint Plus အား သုတ်လိမ်းခြင်း တို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမှုတော်စေတီတော်မြတ်ကြီးကို အဖြူရောင်ပြန်သုတ်မှုအား သီတဂူဆရာတော်ဘုရားကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့မတိုင်ခင် အပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည် ။ ဘုရားကြီး အနေဂဇာတင်ခြင်းကိုလည်း တပေါင်းလပြည့်နေ့တွင် သံဃာအပါး (၁၀၀၀) ဖြင့် ပြုလုပ်သွားမည်ဖြစ်သည် ။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘုရားဖူးခရီးစဉ်အပြီး ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် သြဝါဒဆရာတော်ဘုရား ကြီး(၅)ပါးထံတွင် သြဝါဒခံယူပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့စ၍ လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

#fifthwave #ကောင်းမှုတော် #ထုံးသင်္ကန်း #ရွှေသင်္ကန်း

Leave a Reply