Cryptocurrency Exchange၏ စီအီးအို ယူကရိန်းတွင် ပြန်ပေးဆွဲခံရ

0
182
 
ယူကရိန်း ဇန်နဝါရီ ၇
 လူသိများကြော်ကြားသည့် blockchain ပညာရှင် တစ်ဦးလည်းဖြစ် ၊ အွန်လိုင်း ငွေကြေးလဲလှယ်သည့် အဓိက လုပ်ငန်းတစ်ခုဖြစ်သော EXMO ၏ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ်လည်း သိကြသည့် ရုရှားလူမျိုး Pavel Lerner သည် ယူကရိန်းနိုင်ငံ၏ မြို့ တော်ဖြစ်သော ကီရဗ် (Kiev) မြို့ တွင် အမည်မသိ ရာဇဝတ်သားများမှ ပြန်ပေးဆွဲခဲ့ကြောင်း ကြားသိရသည်။ ယူကရိန်း အခြေစိုက် အွန်လိုင်း သတင်းထုတ်ဝေရေး ဌာနုဖြစ်သော Strana က အသက် ၄၀ အရွယ် ၊ ရုရှားနိုင်ငံသား Lerner သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ၄င်း၏ ရုံးခန်းရှိရာ မြို့ လည်ခေါင် ရှိ စတီဖန် ဘန်ဒီရာ ရိပ်သာမှ အထွက်တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အနက်ရောင် အကျီ င်္ နှင့် ခေါင်းစွပ်များဝတ်ဆင်ထားသော အမည်မသိ ပြန်ပေးသမားများက ကားနံပါတ် AA 2063 MT တပ်ဆင်ထားသော Mercedes-Benz Vito အနက်ရောင်ကားပေါ်သို့ ဆွဲခေါ်သွားခဲ့ပြီး မောင်နှင်ထွက်ပြေးသွားခဲ့သည်။ Lerner အား မည်သူက မည်သည့်အတွက်ကြောင့် ပြန်ပေးဆွဲခဲ့သည်ဆိုသည်ကို တာဝန်ရှိအစိုးရမှ စုံစမ်းဆောင်ရွက်နေကြောင်းလည်းသိရှိရသည်။ EXMO ၏ ကိုယ်စားလှယ်များက ယခုဖြစ်ရပ်သည် လုပ်ငန်းလည်ပတ်မူ့ ကို မည်သို့ မှ မထိခိုက်ကြောင်း Lerner အနေဖြင့် မည်သည့်အကောင့် သို့ မဟုတ် အခြား ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမှ ရယူနိုင်ခြင်းမရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
Ref; The Hacker News
LN

Leave a Reply