က​နေဒါနိုင်​ငံသား​နောက်​တစ်​ဦး တရုတ်​တွင်​ ထိန်းသိမ်းခံရ

0
117

ဒီဇင်​ဘာ ၁၃
နိုင်ငံတကာသတင်း

တရုတ်​နိုင်​ငံမှာထိန်းသိမ်းခံထားရတယ်​လို့ယူဆရတဲ့က​နေဒါနိုင်​ငံသားတစ်​ဦးကို ဆက်​သွယ်​ဖို့ကြိုးပမ်း​နေတယ်​လို့ က​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီးဌာနက​ပြောပါတယ်​။

စစ်​​ဆေး​မေးမြန်းခံ​နေရတယ်​လို့ တရုတ်​-မြောက်​ကိုရီးယားနယ်​စပ်​ ဒန်​​ဒေါင်​မြို့မှာအ​ခြေစိုက်​ပြီးစီးပွား​ရေးလုပ်​​နေတဲ့ က​နေဒါနိုင်​ငံသားမိုက်​ကယ်​ စပါ​ဗာက က​နေဒါအာဏာပိုင်​​တွေကို အခုတစ်​ပတ်​ထဲမှာဆက်​သွယ်​ပြီး​ပြောခဲ့ပါတယ်​။

စပါ​ဗာအခုဘယ်​​ရောက်​​နေတယ်​ဆိုတာကို သိရဖို့လုပ်​​နေတယ်​လို့ က​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီးဌာန​ပြောခွင့်​ရသူ ဂွီလာမီ ဘယ်​ရူဘီက​ပြောပါတယ်​။

အခုတစ်​ပတ်​အ​စောပိုင်းက က​နေဒါသံတမန်​​ဟောင်း မိုက်​ကယ်​ ​ကော့​ဗ်​ရစ်​ဂ်​အဖမ်းခံရပြီး​နောက်​ စပါ​ဗာအဖမ်းခံခဲ့ရတာပါ။

ဘာ​ကြောင့်​ ​ကော့​ဗ်​ရစ်​ဂ်​အဖမ်းခံရတယ်​ဆိုတာမသိရ​သေးဘူးလို့ က​နေဒါအာဏာပိုင်​​တွေက​ပြောထား​ပေမဲ့ တရုတ်​အမျိုးသားလုံခြုံ​ရေးကိုခြိမ်း​ခြောက်​​နေတဲ့လှုပ်​ရှားမှု​တွေမှာပါဝင်​​နေတယ်​လို့ယူဆရတဲ့အတွက်​ သူ့ကိုထိန်းသိမ်းထားတာလို့ ဒီ​နေ့ဒီဇင်​ဘာလ(၁၃)ရက်​ထုတ်​ တရုတ်​အစိုးရပိုင်​သတင်းစာ​တွေမှာပါဝင်​​နေပါတယ်​။

သူ့ရဲ့ကျန်းမာ​ရေးနဲ့​ဘေးကင်းမှုအတွက်​ စိုးရိမ်​တယ်​လို့ အကြီးတန်းအကြံ​ပေးအ​နေနဲ့ လက်​ရှိသးအလုပ်​လုပ်​​နေတဲ့(I.C.G)အဖွဲ့ကလည်းထုတ်​ပြန်​ထားပါတယ်​။

ကော့​ဗ်​ရစ်​ဂ်​ကိစ္စအတွက်​ တရုတ်​အာဏာပိုင်​​တွေနဲ့တိုက်​ရိုက်​ဆက်​သွယ်​​ဆောင်​ရွက်​​နေတယ်​လို့ က​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီး ဆင်​သီယာ ဖရီးလန်းက​ ဒီဇင်​ဘာ(၁၂)ရက်​မှာ​ပြောပါတယ်​။

စပါ​ဗာဟာလည်း တရုတ်​အမျိုးသားလုံခြုံ​ရေးကိုခြိမ်း​ခြောက်​​နေတဲ့လှုပ်​ရှားမှု​တွေမှာပါဝင်​​နေတယ်​လို့ယူဆရတာ​ကြောင့်​ ထိန်းသိမ်းထားတယ်​လို့ တရုတ်​အစိုးရပိုင်​သတင်းစာမှာပါဝင်​ပါတယ်​။

စပါ​ဗဟာ ​​မြောက်​ကိုရီးယားနိုင်​ငံဆီ စီးပွား​ရေား ယဉ်​​ကျေးမှုနဲ့ ခရီးသွားလုပ်​ငန်းအတွက်​ စီစဉ်​​ပေးတဲ့ ပတ်​ကူယဉ်​​ကျေးမှုဖလှယ်​​ရေးအဖွဲ့အစည်းကိုစီမံလည်​ပတ်​​နေပြီး ​မြောက်​ကိုရီးယားကိုမကြာခဏသွား​ရောက်​သူဖြစ်​သလို မီဒီယာ​တွေမှာလည်း ​မြောက်​ကိုရီးယားအ​ရေးနဲ့ဆက်​စပ်​ပြီး မှတ်​ချက်​​တွေ​ပြော​လေ့ရှိသူပါ။

မြောက်​ကိုရီးယား​ခေါင်း​ဆောင်​ကင်​ဂျုံအန်​ရဲ့မိတ်​​ဆွေဖြစ်​ပြီး NBAဘတ်​စကတ်​​ဘောကစားသမား​ဟောင်း ဒန်းနစ်​ ​ရော့ဒ်​မန်း(၂၀၁၃)ခုနှစ်​က​မြောက်​ကိုရီးယားကိုသွားတဲ့ခရီးစဉ်​ကို စပါ​ဗာစီစဉ်​​ပေးခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂ​နွေမှာ စပါ​ဗာ​နောက်​ဆုံးတင်​ခဲ့တဲ့တွိအရ သူဟာ ​တောင်​ကိုရီးယားနိုင်​ငံမြို့​တော်​ဆိုးလ်​ကို အခုတစ်​ပတ်​တနင်္လာ​နေ့မှာသွားရမယ်​လို့​သိရပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply