လုံးခင်းကျေးရွာ၊ ဂန္ထဝင်းရပ်ကွက်ကို ​ရေနစ်​မြှုစ်​​အောင်​လုပ်​ပြီး ရတနာကြာဖြူ (အဲဗားဝင်းနား) ကုမ္ပဏီ သိမ်းသွားကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

0
94

ဒီဇင်ဘာ ၁၄
သော်လင်းထက်

ကချင်ပြည်နယ် ဖာကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ၊ ဂန္ထဝင်းရပ်ကွက်ကို ကျောက်စိမ်းကုမ္ပဏီဖြစ်တဲ့ တ၏ရတနာကြာဖြူ (အဲဗားဝင်းနား) ကုမ္ပဏီမှ ကျောက်မျက်လုပ်ကွက်ဆွဲခဲ့သည့်အပေါ် နစ်နာသူပြည်သူများက သတင်းစာရှင်းလင်းပွဲတစ်ခုကို ဂျာနယ်လစ်ရုံးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်​ သိမ်းဆည်းခဲ့ရတဲ့ဆိုသည့်​ ရပ်​ကွက်​ကို ​ရေနစ်​မြှုပ်​​အောင်​လုပ်​ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင်​ ပါဝင်​ခဲ့သူတစ်​ဦးက​ပြောခဲ့သည်​။

“ကုမ္ပဏီတွေက ၂၀၀၉ ၊ ၂၀၁၀ မှာ ကျွန်တော်တို့ရပ်ကွက်မြေကို သိမ်းပါတယ် ရိုးရိုးလေးသိမ်းတာမဟုတ်ပါဘူး ရပ်ကွက်ကို ရေနစ်မြှုပ်ပြီးမှာ သိမ်းလိုက်တာပါ ရပ်ကွက်ကို ရေနစ်မြှုပ်သွားအောင်ဖန်းတီပြုလုပ်ပြီးမှာ သိမ်းလိုက်တာပါ”ဟု ၄င်း​ကျေးရွာ​နေ ဦးထွန်းထွန်းက သတင်းစာရှင်းပွဲတွင်​ ​ပြောကြားခဲ့သည်​။

လုံးခင်းကျေးရွာ ၊ ဂန္ထဝင်းရပ်ကွက်တွင် ကျေးလက်နေ မိသားစုပေါင်း (၃၃)စု ရှိကြောင်းသိရသည်။နစ်နာသူ ကျေးလက်ပြည်သူများသည် ကျောက်စိမ်းကုမ္ပဏီများကို ၂၀၁၂ခုနှစ်တွင် ပထမဆုံးအကြိမ်တိုင်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ် (၄)ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံတိုင်းကြားခဲ့ကြောင်း သိရသည်။

ယင်းသို့သတင်းစာရှင်းလင်းပွဲပြုလုပ်​ရခြင်းမှာ အဆိုပါလုံးခင်းကျေးရွာ ၊ ဂန္ထဝင်းရပ်ကွက်အတွင်းရှိ​နေထိုင်​သူများမှာ မိမိတို့အပိုင်​​မြေများကို ယခုကာလ​ပေါက်​​ဈေးအတိုင်း အ​လျော်​​ကြေးရရှိရန်​ ပြုလုပ်​ခြင်းဖြစ်​​ကြောင်းသိရသည်​။

Leave a Reply