ရန်​ကုန်​ယူနိုက်​တက်​အသင်း Charity Cup သုံးကြိမ်​​မြောက်​ရရှိ

0
264

ရန်​ကုန်​ ၊ဇန်​န၀ါရီ ၇၊၂၀၁၈

မြန်​မာ​နေရှင်​နယ်​လိဂ်​ရာသီကြို Charity Cup ပြိုင်​ပြိုင်​ပွဲကို ယ​နေ့ည​နေပိုင်းက ​အောင်​ဆန်းကွင်းတွင်​ကျင်းပခဲ့ပြီးရန်​ကုန်​ယူနိုက်​တက်​အသင်းက ရှမ်း ယူနိုက်​တက်​​အသင်းကို ပင်နယ်​တီ အဆုံးအဖြတ်​ဖြင့်​ ၄ဂိုး ၂ဂိုးဖြင့်​အနိုင်​ရရှိခဲ့ပြီး ရန်ကုန်​ယူနိုက်​တက်​အသင်းက သုံးကြိမ်​​မြောက်​ရရှိခဲ့သည်​။

သာမန်​ပွဲကစားချိန်​မိနစ်​၉၀အတွင်း ၂ဂိုးစီသ​ရေကျခဲ့ ပြီး ပင်​နယ်​တီအဆုံးအဖြတ်​ကစားကစားခဲ့ရခြင်းဖြစ်​သည်​။

ပထမပိုင်းတွင်​ရှမ်းယူနိုက်​တက်​အသင်းက တိုက်​စစ်​မှူးပက်​ထရစ်​၏သွင်းဂိုးဖြင့်​ဦး​ဆောင်​ခဲ့ပြီးဒုတိယပိုင်းတွင်​ရန်​ကုန်​အသင်းတိုက်​စစ်​မှူးဆိုင်​လာ၏​ခြေပဂိုးနှင့်​ဦး​ဆောင်​ဂိုးကိုဖြင့်​ပြန်​လည်​ဦး​ဆောင်​ခဲ့ပြီး ရှမ်းယူနိုက်​တက်​မှပက်​ထရစ်​မှပင်​​ခြေပဂိုးသွင်းယူခဲ့ပြီး ၂ဂိုးစီသ​ရေကျခဲ့သည်​။

ရာသီကြို ကွင်းဖွင့်ဖလားပွဲစဉ်ဖြစ်သည်နှင့် အညီ နှစ်သင်းစလုံးက ရာသီသစ်အတွက် ခေါ်ယူထားသည့် ကစားသမားများ အစုံအလင် ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ပထမပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းက တိုက်စစ်မှူး ပက်ထရစ်၏ သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့သည်။

ပင်​နယ်​တီအဆုံးအဖြတ်​ကန်​သွင်းရာတွင်​ရန်​ကုန်​အသင်းမှ ၄ဂိုးရရှိခဲ့ပြီး ရှမ်းအသင်းက၂ဂိုးရရှိခဲ့ပြီး ရန်​ကုန်​ယူနိုက်​အသင်းက​အောင်​ပွဲခံနိုင်​ခဲ့သည်​။

ကွင်းဖွင့်​ဖလားပြိုင်​ပွဲ Charity Cup ပြိုင်​ပွဲကို မြန်​မာ ​နေရှင်​နယ်​လိဂ်​အမှတ်​​ပေးပြိုင်​ပွဲချန်​ပီယံနှင့်​ ရှုံးထွက်​ဖလား ချန်​ပီယံအသင်းတို့ယှဉ်​ပြိုင်​ရမည်​ဖြစ်​​သော်​လည်း ၂၀၁၇ပြိုင်​ပွဲနှစ်​ရပ်​လုံးတွင်​ချန်​ပီယံဖြစ်​ခဲ့သည့်​ရှမ်းယူနိုက်​အသင်းနှင့်​ မြန်​မာ​နေရှင်​နယ်​လိဂ်​ ဒုတိယရရှိသည့်​ ရန်​ကုန်​အသင်းတို့ယှဉ်​ပြိုင်​ခဲ့ရခြင်း ဖြစ်​သည်​။

၇ကြိမ်​​မြောက်​ကျင်းပသည့်​ Charity Cup ယခုပြိုင်​ပွဲတွင်​ကွင်းဝင်​​ကြေးများကို အထူးတန်း ၂၀၀၀နှင့်​ ရိုးရိုးတန်း၁၀၀၀သတ်​မှတ်​ထားပြီး ရရှိသည့်​ကွင်းဝင်​​ကြေးများကို ပရဟိတအဖွဲ့အစည်းများ ထံ​ပေးလှူသွားမည်​ဖြစ်​သည်​။

ကိုဥာဏ်

Leave a Reply