အစ္စ​ရေးမြို့​တော်​အဖြစ်​ ​ဂျေရုစလင်​အ​နောက်​ပိုင်းကို သြစ​တြေးလျအသိအမှတ်​ပြု

0
98

ဒီဇင်​ဘာ ၁၅
နိုင်ငံတကာသတင်း

ဂျေရုစလင်​မြို့ရဲ့အ​နောက်​ပိုင်းကို အစ္စ​ရေးနိုင်​ငံရဲ့မြို့​တော်​အဖြစ်​ အသိအမှတ်​ပြု​ပေမဲ့ အစ္စ​ရေးနိုင်​ငံဆိုင်​ရာသြစ​တြေးလျသံရုံးကို​တော့ ချက်​ချင်း​ပြောင်း​ရွှေ့သွားမှာမဟုတ်​ဘူးလို့ သြစ​တြေးလျဝန်​ကြီးချုပ်​ စ​ကော့ ​မောရစ်​ဆင်​က ဒီဇင်​ဘာ(၁၅)ရက်​ဒီ​နေ့မှာ​အတည်​ပြုပါတယ်​။

ဒါဟာ ဆယ်စုနှစ်ချီကျင့်သုံးလာတဲ့​​​​ သြစ​တြေးလျရဲ့အ​ရှေ့အလယ်​ပိုင်းဆိုင်​ရာမူဝါဒကို ​ပြောင်းလဲလိုက်​တာပါ။

“အစ္စ​ရေးလွှတ်​​တော်​ကနက်​စ်​ဆက်​နဲ့အစ္စ​ရေးအစိုးရရုံး​တွေရှိ​နေတဲ့​ဂျေရုစလင်​ကို အစ္စ​ရေးမြို့​တော်​အဖြစ် သြစ​တြေးလျနိုင်​ငံက အသိအမှတ်​ပြုပါတယ်​။ အ​ခြေတကျရှိတဲ့အချိန်​မှာ ကျွန်​​တော်​တို့သံရုံးကို ​ဂျေရုစလင်​ဆီ​ရွှေ့သွားဖို့ ​မျှော်​လင့်​ပါတယ်​”လို့ ​မော်​ရစ်​ဆင်​က​ပြောပါတယ်​။

အစ္စ​ရေးနိုင်​ငံရဲ့မြို့​တော်​အဖြစ်​ တရားဝင်​အသိအမှတ်​ပြုထားတဲ့တယ်​အ​ဗီက​နေ ပါလက်​စတိုင်း​တွေနဲ့ပိုင်​ဆိုင်​မှုအငြင်းပွား​နေတဲ့ ​ဂျေရုစလင်​မြို့​ကို သြစ​တြေးလျသံရုံး​ပြောင်း​ရွှေ့ဖို့စဉ်းစားေ​နတယ်​လို့ ပြီးခဲ့တဲ့​အောက်​တိုဘာမှာ ​မော်​ရင်​ဆင်​ကစ​ပြောခဲ့တာပါ။

သံရုံးကိုမ​ရွှေ့​သေး​ပေမဲ့ ကာကွယ်​​ရေးနဲ့ကုန်​သွယ်​​ရေးရုံး​တွေကို​တော့ ​ဂျေရုစလင်​ကို​ရွှေ့ထားမယ်​လို့ ​မော်​ရစ်​ဆင်​က​ပြောပါတယ်​။

အနာဂတ်​ပါလက်​စတိုင်းနိုင်​ငံရဲ့မြို့​တော်​အဖြစ်​ ​ဂျေရုစလင်​မြို့ကိုသတ်​မှတ်​မယ့်​ နှစ်​နိုင်​ငံယှဉ်​တွဲ​ရေးဆုံးဖြတ်​ချက်​ကို​ထောက်​ခံတယ်​လို့ ​မော်​ရစ်​ဆင်​က​ပြောပါတယ်​။

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်​၊ ဒီဇင်​ဘာ(၇)ရက်​မှာ ​ဂျေရုစလင်​ကို အ​မေရိကန်​သံရုံး​ပြောင်း​ရွှေ့မယ်​လို့ အ​မေရိကန်​သမ္မတ​ဒေါ်နယ်​ထရမ့်​ကဆုံးဖြတ်​ခဲ့ပြီး နာရီပိုင်းအကြာမှာ ချက်​ကိုဆလို​ဗက်​ကီးယားနိုင်​ငံကလည်း ​ဂျေရုစလင်​ကို အစ္စ​ရေးမြို့​တော်​အဖြစ်​အသိအမှတ်​ပြုခဲ့​နောက်​ပိုင်း သြစ​တြေးလျနိုင်​ငံဟာ အစ္စ​ရေးမြို့​တော်​အဖြစ်​ ​ဂျေရုစလင်​ကိုအသိအမှတ်​ပြုတဲ့ပထမ​ဆုံးနိုင်​ငံဖြစ်​ပါတယ်​။

မွတ်​ဆလင်​၊ ဂျူးနဲ့ ခရစ်​ယာန်​ဘာသာတို့ရဲ့သ​န္ဓေတည်​ရာဖြစ်​တဲ့​ဂျေရုစလင်​ဟာ အ​ရှေ့အလယ်​ပိုင်းအ​ရေးမှာ အဓိကကိစ္စတစ်​ခုဖြစ်​တဲ့ အစ္စ​ရေး-ပါလက်​စတိုင်းငြိမ်းချမ်း​ရေးစာချုပ်​ချုပ်​ဆိုနိုင်​ဖို့ အဓိကအတားအဆီးတစ်​ခုဖြစ်​​နေတာပါ။

ပါလက်​စတိုင်း​တွေက ​ဂျေရုစလင်​အ​ရှေ့ပိုင်းကို အနာဂတ်​ပါလက်​စတိုင်းနိုင်​ငံရဲ့မြို့​တော်​အဖြစ်​သတ်​မှတ်​ထားပါတယ်​။

သြစ​တြေးလျ၊ ရုရှားနဲ့ အ​မေရိကန်​အပါအဝင်​ နိုင်​ငံ(၅)နိုင်​ငံက ​ဂျေရုစလင်​ကို အစ္စ​ရေးမြို့​တော်​အဖြစ်​ သတ်​မှတ်​ထားပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply