(၁၃) ကြိမ်မြောက် ပြင်​ဦးလွင်​ပန်းပွဲ​တော်​ ယနေ့ စတင်

0
142

ဒီဇင်​ဘာ ၁၅
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ (၁၃) ကြိမ်မြောက် ပြင်​ဦးလွင်​ပန်းပွဲ​တေ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် ပန်းပွဲတော်အား မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခုနှစ်​တွင်​ စုစု​ပေါင်း ပန်းအမျိုးကွဲ​ပေါင်း (၇၀) ခန့်​ အပင်အ​ရေအတွက်​ သုံးသိန်း​ကျော်​ကို စိုက်​ပျိုးပြသခဲ့ပြီး ယခင်နှစ်ကထက် ပန်းပင်အရေအတွင် နှစ်ဆကျော်ရှိသည့်အပြင် ပြည်ပကုမ္မဏီ နှစ်ခုလည်း လာရောက်ပြသခဲ့သည်။

ယင်းပြည်ပကုမ္မဏီနှစ်ခုမှာ ​ထိုင်းနိုင်​ငံ မှ Garden and Friends ကုမ္ပဏီနှင့်​ ဂျပန်နိုင်​ငံ မှ Fukusuke ကုမ္ပဏီတို့ ဖြစ်ပြီး ပြည်​တွင်းပန်းမျိုးနှင့်​ ပြည်​ပပန်းမျိုးတစ်​ဝက်​စီကို စိုက်​ပျိုးပြသခဲ့ကြသည်။

ထို့အပြင်​ ​တေးသီချင်းသီဆို​ဖျော်​​ဖြေပွဲ၊ ​ဈေး​ရောင်းပွဲ၊ သစ်​ခွအလှပြိုင်​ပွဲ၊ ပန်းအလှထိုးပြိုင်​ပွဲနှင့်​ ဓာတ်​ပုံပြိုင်​ပွဲများကိုလည်း ထည့်​သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply