ငမိုးရိပ်​​ချောင်းတွင်းနစ်​မြုပ်​ခဲ့သည့်​ ကားဆယ်​ယူရရှိ အမျိုးသားတစ်​ဦးကိုဆက်​လက်​ရှာ​ဖွေ

0
231

ရန်​ကုန်​ ၊ ဇန်​န၀ါရီ ၇ -၂၀၁၈

ယ​နေ့နံနက်​ပိုင်း ၄နာရီ ၄၅မိနစ် အချိန်​က ငမိုးရိပ်​​ချောင်းတွင်းနစ်​မြုပ်​ခဲ့သည့်​ Hobda Fit အမျိုးအစားခဲ​ရောင်​ ယာဉ်​ကို ယ​နေ့ည​နေ ​လေးနာရီ ခန့်​က ပြန်​လည်​ဆယ်​ယူရရှိခဲ့ပြီး အဆိုပါယာဉ်​​ပေါ်တွင်​ပါရှိသည့်​အမျိုး သားတစ်​ဦးကိုဆက်​လက်​ရှာ​ဖွေလျက်​ရှိ​ကြောင်း မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့ကသတင်းထုတ်​ပြန်​သည်​။

အဆိုပါယာဉ်​မှာ ​မြောက်​ဒဂုံ ၃၃ ရပ်​ကွက်​ ဆရာစံလမ်း အတိုင်း ​မောင်းနှင်​လာပြီး ငါးမာန်​​အောင်​ ဘုရားလမ်းဆုံတွင်​ ငမိုးရိပ်​​ချောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

ယာဉ်​​ပေါ်တွင်​ ​မောင်းနှင်​သူအမျိုးသားတစ်​ဦးနှင့်​ စီးနင်းလိုက်​ပါလာသူအမျိုးသားတစ်​ဦးတို့ပါဝင်​ပြီး ယာဉ်​​ပေါ်ပါအမျိုးသားတစ်​ဦးကို ​ချောင်းအတွင်းငါးလုပ်ငန်းလုပ်​ကိုင်​​နေသည့်​ ​လှေတစ်​စင်းမှကယ်​တင်​ခဲ့ပြီး ယာဉ်​နဲ့အတူ ပါဝင်​သွားသူတစ်​ဦးကိုဆက်​လက်​ရှာ​ဖွေလျက်​ရှိ​ကြောင်းသိရသည်​။

နစ်​မြုပ်​​ယာဉ်​နှင့်​ အမျိုးသားကို ရှာ​ဖွေနိုင်​ရန်​အတွက်​ ဒဂုံမြို့သစ် အရှေ့ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Ambulance ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသတ်ယာဉ်(၁)စီး၊ Ambulance ယာဉ်(၁)စီး၊ERSSDO မှာ Ambulance ၁ စီး ၊ မီးသတ် အသက်ကယ်လှေ (၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်​ရှိ​ကြောင်း မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့က သတင်းထုတ်​ပြန်​သည်​။

ကိုဥာဏ်

ဓာတ်ပုံ – ကျော်စည်သူလင်း

Leave a Reply