တရုတ်​တွင်​ထိန်းသိမ်းခံထားရသည့်​ဒုတိယ​မြောက်​က​နေဒါနိုင်​ငံသားကို ​ကောင်​စစ်​ဝန်​ရုံးမှတစ်​ဆင့်​ဆက်​သွယ်ခွင့်​ရ

0
120

ဒီဇင်​ဘာ ၁၇
နိုင်ငံတကာသတင်း

ပြီးခဲ့တဲ့တစ်​ပတ်​က တရုတ်​နိုင်​ငံမှာ ထိန်းသိမ်းခံထားရတဲ့ဒုတိယ​မြောက်​က​နေဒါနိုင်​ငံသား မိုက်​ကယ်​ စပါ​ဗာကို ​ကောင်​စစ်​ဝန်​ရုံးကတစ်​ဆင့်​ပြန်​ဆက်​သွယ်​နိုင်​ခဲ့တယ်​လို့ က​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီးဌာနကထုတ်​ပြန်​ပါတယ်​။

တရုတ်​နိုင်​ငံဆိုင်​ရာက​နေဒါသံအမတ်​ ဂျွန်​ မက်​ကယ်​လမ်​က စပါ​ဗာနဲ့​တွေ့ဆုံခဲ့တယ်​လို့ ထုတ်​ပြန်​ချက်​မှာပါဝင်​ပါတယ်​။

အခုလအ​စောပိုင်းက ဟွာ​ဝေးနည်းပညာကုမ္ပဏီ၊ ဘဏ္ဍာ​ရေးအရာရှိချုပ်​ မန်​ဝမ်​ကျိုးကို အ​မေရိကန်ဆီ​လွှဲ​ပြောင်း​ပေးဖို့ က​နေဒါကထိန်းသိမ်းခဲ့ပြီး​နောက်​ က​နေဒါသံတမန်​​ဟောင်း မိုက်​ကယ်​ ​ကော့​ဗ်​ရစ်​ဂ်​နဲ့ စီးပွား​ရေးသမား မိုက်​ကယ်​ စပါ​ဗာတို့ကို တရုတ်​နိုင်​ငံကထိန်းသိမ်းထားပါတယ်​။

ထိန်းသိမ်းမှု​တွေဟာ လက်​မခံနိုင်​စရာဖြစ်​တယ်​လို့ ပြီးခဲ့တဲ့​သောကြာ​နေ့မှာ​ပြောခဲ့တဲ့ က​နေဒါဝန်​ကြီးချုပ်​ ဂျက်​စတင်​ ထရူးဒူးက ထိန်းသိမ်းခံ​တွေအ​ရေး က​နေဒါအစိုးရက အ​လေးအနက်​ထား​ဆောင်​ရွက်​​နေတယ်​လို့ CTVရုပ်​သံကို​ပြောပါတယ်​။

ပြီးခဲ့တဲ့​သောကြာ​နေ့မှာပဲ မက်​ကယ်​လမ်​နဲ့ စပါ​ဗာတို့​ ပထမဆုံး​အကြိမ်​​တွေ့ဆုံခဲ့တာပါ။
တရုတ်​နိုင်​ငံဟာ အဲဒီက​နေဒါနှစ်​ဦးကိုလွှတ်​​ပေးသင့်​တယ်​လို့ အ​မေရိကန်​နိုင်​ငံခြား​ရေးဝန်​ကြီး မိုက်​ပွန်​ပီယိုက ပြီးခဲ့တဲ့​သောကြာ​နေ့မှာ တိုက်​တွန်းခဲ့ပါတယ်​။

မန်​ဝမ်​ကျိုးကိုပြန်​လွှတ်​ဖို့ တရုတ်​အစိုးက​တောင်းဆို​နေပြီး မလွှတ်​ဘူးဆိုရင်​ က​နေဒါအ​နေနဲ့​နောက်​ဆက်​တွဲ​တွေ​တွေ့ရနိုင်​တယ်​လို့ သတိ​ပေးထားပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply