ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်

0
302

ရန်ကုန် ၊ ဇန်န၀ါရီ ၈၊ ၂၀၁၈

ရန်ကုန်တိုင်း​ဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃) ရပ်ကွက်၊ နီလာ လမ်းတွင် ဇန်န၀ါရီ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်(၄)လုံး၊ မီးလောင်ခဲ့ကြောင်းYangon Police Page ​ဖေါ်ပြချက်​အရသိရသည်။

“ခု​လောလောဆယ်​​တော့ စခန်းမှူးနဲ့အဖွဲ့ သွားစစ်​​ဆေး​နေတုန်းပါ။ပြန်​လာမှအ​သေးစိတ်​သိရမယ်​”ဟုဒဂုံ​မြောက်​ရဲတပ်​ဖွဲ့စခန်းမှတာဝန်​ရှိသူမှ​ပြောသည်​။

မီးလောင်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ
မီးသတ်ယာဉ် (၇)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့်ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာနံနက် ၈ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဖြစ်​စဉ် ​အ​သေးစိတ်​ကို သွား​ရောက်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း ဒဂုံ​မြောက်​ရဲတပ်​ဖွဲ့စခန်းမှတာဝန်​ရှိသူ​ပြောဆိုချက်​အရ သိရသည်။

မြတ်​ဟိန်း​ကျော်

ဓာတ်​ပုံ – Yangon Police

Leave a Reply