၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု တရားလိုပြသက်သေစစ်ဆေး

0
137

ဒီဇင်ဘာ ၁၈
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ အမှုမှ တရားလိုပြသက်သေအဖြစ် ဒုရဲအုပ် နိုင်မိုးအေး ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးခဲ့သည်။

တရားလိုပြသက်သေအနေဖြင့် အမှုစတင်ဖွင့်သည့်အချိန်က အမှုစစ်အဖြစ်ပါဝင်ခဲ့သူဖြစ်ပြီး အမှုစတင်ဖြစ်ပွားရသည့် အကြောင်းအရင်းအစကို သိရှိခြင်း မရှိကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

“ခုစစ်တဲ့ ရဲက အမှုဖြစ်ရတဲ့အကြောင်းအရင်း အစဖြစ်တဲ့ ဦးကိုနီ သတ်ခံရမှုမှာ ဆရာတော်ဦးဝီရသူက သတ်တဲ့ ကြည်လင်ကို ကျေးဇူးတင်ကြောင်း ပြောတယ်ဆိုတာ မသိဘူးတဲ့ ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေအနေကို သိလိုက်ရတာပါပဲ ” ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောသည်။

နောက်တစ်ပတ်ရုံးချိန်းမျတွငါ တရားလိုပြသက်သေအဖြစ်ကျန်ရှိနေသည့် မန္တလေးမစိုးရိမ်တိုက်သစ် မှ ဆရာတော်ဦးဝီရသူ ၊ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ၊ အကွက်မှူး နှင့် ကိုကျော်စွာထွန်း အား ရုံးတော်တွင် သက်သေလာရောက်ထွက်ဆိုပေးရန် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က တရားလိုကို အပြီးစစ်တာပါ ။ အမှုက ရိုးရိုးလေးပါ ။ ဖြစ်စဉ်အမှန်ကလည်း ရိုးရိုးလေးပါ ။ ဖြစ်စဉ်အမှန်အပေါ်ပဲ ကျွန်မတို့က စစ်တယ် ။ ရဲကတော့ သူအမှုစစ်အဖြစ်နဲ့ ဆောင်ရွက်ခဲ့စဉ်က အခြေအနေတွေကို ထွက်ဆိုသွားတာပါ ” ဟု ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် က ပြောသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်ကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည်။

ထို့အတွက်ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

အမှုမှာ ရုံးချိန်းပေါင်း ၅၀ နီးပါးဖြင့် အချိန် တစ်နှစ်ရှစ်လကျော်ကြာရှိပြီဖြစ်သော်လည်း ပြီးပြတ်ခြင်းမရှိသေးကြောင်း သိရသည်။

Photo : Kaung Zaw Hein/ MPA

Leave a Reply