၁၃ နိုင်ငံ တွင်ပြသမည့် လိပ်ပြာစံအိမ် ရုပ်ရှင်ကားမိတ်ဆက်

0
102

ဒီဇင်ဘာ ၂၀
မေစု

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃နိုင်ငံတွင် ပြသသွားမည့် ထိုင်းနိုင်ငံမှ ဒါရိုက်တာရိုက်ကူးသည့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ Junction City တွင် ယနေ့ပြုလုပ်ခဲ့သည်။

ယင်းရုပ်ရှင်ဇာတ်ကားကြီး ကို မြန်မာ ထိုင်း စင်္ကာပူ ကမ္ဗောဒီးယား ဖီလစ်ပိုင် ဂျပန် အင်ဒိုနီးရှား ဟောင်ကောင် မလေးရှား ဘရူးနိုင်း ထိုင်ဝမ် ဗီယက်နမ် လာအို အိန္ဒိယ အစရှိသောနိုင်ငံ ၁၃ ခုတွင် ပြသသွားမည်ဟုသိရသည်။

” ကိုယ့်ဇာတ်ကား ကိုနိုင်ငံတွေ အများကြီး မှာ ပြသသွားမယ်ဆိုတော့ဝမ်းသာတာပေါ့ နောက်လည်း ဒီလိုတွေ ပြသသွားနိုင်မယ်ဆိုရင် ကောင်းပါတယ်” ဟု သရုပ်ဆောင်ဝတ်မှုန်ရွှေရည် ကပြောသည်။

လိပ်ပြာစံ အိမ် ရုပ်ရှင်ဇာတ်ကားကြီးတွင် မြန်မာနိုင်ငံမှ အနုပညာရှင်များဖြစ်သော နိုင်းနိုင်း ဝတ်မှုန်ရွှေရည် ဒေါင်း နှင့်ကလေးသရုပ်ဆောင် ပြည့်ပြည့် နှင့် တုံတုံ တို့အဓိက ပါဝင်ထားကာ သရဲဝိဥာဉ် များ မိဘမေတ္တာအစွဲအလန်း များအကြောင်း ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားခြင်း ဖြစ်သည်။

ဘန်ကောက် မှ မန္တလေး ဇာတ်ကားအား ရိုက်ကူးခဲ့သူ ထိုင်းလူမျိုး ဒါရိုက်တာ ချာချိုင်းခက်နက်စ်(Charchaiketnust)မှ ရိုက်ကူးခြင်းဖြစ်ကာ ကင်မရာတစ်လုံးထဲ ဖြင့် ရှုထောင့်စုံမှ ရိုက်ကူးခဲ့သည် ဟုသိရသည်။

Brave Empire Entertainment ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေး၏ ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည့် လိပ်ပြာစံအိမ် ရုပ်ရှင်ကား ကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ရုံတင်ပြသမည် ဖြစ်ကြောင်းသိရသည်။

Leave a Reply