တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ၁၀၀ ဝန်းကျင်ခန့် ထပ်မံရောက်ရှိ

0
129

ဒီဇင်ဘာ ၂၀
ညိုမှိုင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်းရှိ ကန်ဇောက်ကျေးရွာသို့ စစ်ဘေးရှောင်ဦးရေ ၈၀ ခန့်တို့မှာ မနေ့ကထပ်မံရောက်ရှိလာခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ယိုးချောင်းနှင့် သလူချောင်း အထက်ပိုင်း ကျေးရွာများဖြစ်သည့် ခရုမော်ပတ်၊ တောင်ပေါက်ရွာ၊ ချင်းမဝန်တောင် စသည့်ကျေးရွာ များမှဖြစ်ကြောင်းသိရသည်။

“မနေ့က နေ့လည်ပိုင်းလောက်မှာ စစ်ဘေးရှောင် ၆၀ လောက်ကန်ဇောက်ရွာကို ရောက်လာကြပါတယ်။ လောလော ဆယ်မှာတော့ ဘုန်းကြီးကျောင်းမှာ နေရာချထားပါတယ်။ ကလေးတွေများပါတယ်။ ရွာထဲမှာလည်း သူတို့ရဲ့မိသားစုတွေဆီမှာ ရောက်နေသူတွေလည်းရှိပါတယ်။ စုစုပေါင်းဆိုရင် ၈၀ နဲ့ ၁၀ ကြားလောက်ဖြစ်မှာပါ။”ဟု ကန်ဇောက်ဒေသခံ ဦးစိုးမိုးထွန်း ကပြောသည်။

ယင်းကျေးရွာသားများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သလူချောင်းဖျားတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။

“သူတို့ထွက်ပြေးလာတာကတော့ ဟိုသုံးလေးရက်လောက်က လေယာဉ်တွေနဲ့တိုက်တဲ့ တိုက်ပွဲတွေကြောင့် ကြောက်ပြီး ထွက်ပြေးလာခဲ့ကြတာပါ။ အဲဒီနေ့ကတည်းကနေ ထွက်ပြေးလာသူတွေလည်းရှိတယ်။ မနေ့ကတော့ အများအပြားရောက်လာကြတာပေါ့။ စားရေးသောက်ရေး အတွက်တော လောလောဆယ်မှာ ကို့အစီအစဉ်နဲ့ပဲ ဖြေရှင်းနေကြပါတယ်။ ကျေးရွာမှာတော့ အဲဒီကိစ္စနဲ့ အစည်းအဝေးလုပ်နေပါတယ်”ဟု ဦးစိုးမိုးထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသူ ၆၀၀ ကျော်ခန့်ရှိနေပြီး ယင်းကျေးရွာ သားများမှာ ပုဏ္ဏားကျွန်းမြို့နယ် အထက် သင်းပုန်းတန်း ကျေးရွာ၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာ၊ ကျောက်တော်မြို့နယ် ကန်ဇောက်ကျေး ရွာတို့တွင် ခိုလှုံလျက်ရှိသည်။

Leave a Reply