ထရမ့်​နှင့်​မူဝါဒ​ရေးရာကွဲလွဲပြီး​နောက်​ ကာကွယ်​​ရေးဝန်​ကြီးနုတ်​ထွက်

0
155

ဒီဇင်​ဘာ ၂၁
နိုင်ငံတကာသတင်း

ဒီဇင်​ဘာ(၁၉)ရက်​မှာ ဆီးရီးယားကအ​မေရိကန်​တပ်​ဖွဲ့​အားလုံးပြန်​ဆုတ်​ဖို့အမိန့်​​ကြောင့်​ ထိပ်​တန်းအကြံ​ပေး​တွေနဲ့အ​မေရိကန်​သမ္မတ​ဒေါ်နယ်​ထရမ့်​တို့ကြားအငြင်းပွားခဲ့ပြီး​နောက်​ ထရမ့်​ရဲ့နိုင်​ငံခြား​ရေးမူဝါဒ​တွေမှာ သ​ဘောထားကွဲလွဲတာ​ကြောင့်​ ရာထူးက​နေနုတ်​ထွက်​တယ်​လို့ အ​မေရိကန်​ကာကွယ်​​ရေးဝန်​ကြီး ဂျင်​မက်​တစ်​စ်​က​ပြောပါတယ်​။

မက်​တစ်​စ်​ရဲ့နုတ်​ထွက်​စာမှာ ထရမ့်​နဲ့သူနဲ့ကြားသ​ဘောထားကွဲလွဲတာ​တွေနဲ့ ထရမ့်​က အ​မေရိကန်​ရဲ့အရင်းနှီးဆုံးမိတ်​ဖက်​​တွေကို လျစ်​လျူရှုခဲ့တာလို့လည်း ပွင့်​ပွင့်​လင်းလင်း​ဝေဖန်​ခဲ့ပါတယ်​။
ထရမ့်​နဲ့မက်​တစ်​စ်​တို့ မျက်​နှာချင်းဆိုင်​​တွေ့ဆုံအစည်းအ​ဝေးပြုလုပ်​ခဲ့ပြီး​နောက်​ မက်​တစ်​စ်​က နုတ်​ထွက်​စာတင်​ခဲ့တာလို့ အိမ်​ဖြူ​တော်​အကြီးတန်းအရာရှိတစ်​ဥိးက​ပြောပါတယ်​။

ကာကွယ်​​ရေးနဲ့ဆက်​စပ်​​နေတာ​တွေမှာ ပိုပြီးဘက်​မလိုက်​တဲ့အမြင်​ရှိတဲ့ကာကွယ်​​ရေးဝန်​ကြီးတစ်​ဦးထက်​ပို​ကောင်းတဲ့အမြင်​​တွေ သမ္မတကြီးမှာရှိ​နေတာ​ကြောင့်​ ကျွန်​​တော်​ရာထူးက​နေနုတ်​ထွက်​တာ မှန်​လိမ့်​မယ်​လို့ ယုံကြည်​ပါတယ်​ဆိုပြီး မက်​တစ်​စ်​ရဲ့နုတ်​ထွက်​စာမှာပါဝင်​ပါတယ်​။

ထရမ့်​ကတွန်းအား​ပေးတာ​ကြောင့်​ နုတ်​ထွက်​ခဲ့တာမဟုတ်​ဘူးလို့ အ​မေရိကန်​အာဏာပိုင်​​တွေက​ပြောပါတယ်​။

အငြိမ်းစားကြည်းတပ်​​ဗိုလ်​ချုပ်​ကြီးဖြစ်​တဲ့မက်​တစ်​စ်​ဟာ ​နေတိုးနဲ့အ​မေရိကန်​မဟာမိတ်​​တပ်​ဖွဲ့​တွေနဲ့ ဆက်​ဆံ​ရေး​ကောင်းဖို့လိုလားသူဖြစ်​ပြီး ဆီးရီးယားက အ​မေရိကန်​တပ်​ဖွဲ့​တွေပြန်​ဆုတ်​ဖို့ အကြံကိုဆန့်​ကျင်​ခဲ့သူပါ။

(၂၀၁၆)ခုနှစ်​မှာ မက်​တစ်​စ်​ကာကွယ်​​ရေးဝန်​ကြီးအဖြစ်​ခန့်​အပ်​မခံရ​သေးခင်​ ထရမ့်​နဲ့မက်​တစ်​စ်​​ဆွေး​နွေးခဲ့စဉ်​က ကိစ္စတချို့မှာ သ​ဘောထားကွဲလွဲခဲ့​ပေမဲ့ အကြံ​ပေး​တွေရဲ့အကြံ​တွေကပဲ သူ့ကိုဆွဲ​ဆောင်​နိုင်​လိမ့်​မယ်​လို့ ထရမ့်​ကဆွဲ​ဆောင်​ခဲ့​ပေမဲ့ ထရမ့်​က အ​မေရိကန်​ဦးစား​ပေးမူဝါဒကျင့်​သုံးတာ​ကြောင့်​ မက်​တစ်​စ်​ရဲ့အယူအဆ​တွေနဲ့စပြီးကွဲလွဲလာပါတယ်​။

(၂၀၁၇)ခုနှစ်​၊ ဇန်​နဝါရီမှာ ထရမ့်​သမ္မတတာဝန်​စယူခဲ့ကတည်းက နိုင်​ငံတကာသ​ဘောတူညီချက်​​တော်​​တော်​များများက​နေနုတ်​ထွက်​ခဲ့ပါတယ်​။

မကြာခင်​ ကာကွယ်​​ရေးဝန်​ကြီးတစ်​ဦးကို ခန့်​အပ်​သွားမယ်​လို့ ထရမ့်​က​ကြေညာခဲ့ပါတယ်​။
ထရမ့်​ဟာ အာဖဂန်​နစ္စတန်​က အ​မေရိကန်​တပ်​ဖွဲ့ဝင်​(၁၄၀၀၀)​လောက်​ကို တပ်​ဆုတ်​​စေဖို့လည်း စီစဉ်​​နေပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply