ရှားပါးစ​ကော့ဝီစကီ (၃) ပုံ (၁) ပုံမှာ အတုများဖြစ်​​နေ

0
113

ဒီဇင်​ဘာ ၂၀
နိုင်ငံတကာသတင်း

အထူးဓာတ်​ခွဲခန်းတစ်​ခုမှာစစ်​​ဆေးခဲ့တဲ့ အ​ကောင်းစားစ​ကော့ဝီစကီ​တွေရဲ့(၃)ပုံ(၁)ပုံ​ကျော်​ဟာ အတု​တွေဖြစ်​​နေပါတယ်​။

စစ်​​ဆေးခဲ့တဲ့(၅၅)ပုလင်းထဲက (၂၁)ပုလင်းဟာ အတု​တွေဖြစ်​​နေတာ(ဒါမှမဟုတ်​)​ကြော်​ငြာထားတဲ့ခုနှစ်​မှာ ​ပေါင်းခံထားတာမဟုတ်​ပါဘူး။

အ​ရှေ့​ကေးဘရိုက်​မြို့မှာအ​ခြေစိုက်​တဲ့ စ​ကော့တလန်​တက္ကသိုလ်​များပတ်​ဝန်းကျင်​ဆိုင်​ရာသု​တေသနစင်​တာ(SUERC)ကဦး​ဆောင်​ပြုလုပ်​ခဲ့တာပါ။

အဆင့်​မြင့်​​ရေဒီယိုကာဘွန်​သက်​တမ်းခွဲခြားတဲ့နည်းစနစ်​ကိုအသုံးပြုပြီး ခွဲခြမ်းစိတ်​ဖြာ​လေ့လာခဲ့တာပါ။

ဝီစကီ​တွေရဲ့သက်​တမ်းကို​ဖော်​ထုတ်​နိုင်​ဖို့ စ​ကော့ဝီစကီပုလင်းတစ်​လုံးစီမှာ ပါဝင်​တဲ့အယ်​လ်​ကို​ဟောထဲက ကာဘွန်​အကြွင်းအကျန်​ရဲ့ပြင်းအားကို SURECကတိုင်းတာခဲ့ပါတယ်​။

စ​ကော့ဝီစကီ​​အ​ရောင်းအဝယ်​လုပ်​တဲ့ Rare Whisky 101ဆိုတဲ့ကုမ္ပဏီဆီ စမ်းသပ်​ခဲ့တဲ့ဝီစကီနမူနာ​တွေကို​ပေးပို့ခဲ့ပါတယ်​။

တစ်​ဆင့်​ခံ​ရောင်းတဲ့​ဈေးကွက်​မှာ ဝီစကီအတုတွေ​ပေါ​ပေါများများရှိ​နေတယ်​ဆိုတဲ့စိုးရိမ်​မှု​တွေကိုတုံ့ပြန်​တဲ့အ​နေနဲ့ အဲဒီလိုစစ်​​ဆေးခဲ့တာလို့ Rare Whisky 101က​ပြောပါတယ်​။

စမ်းသပ်ရာမှာပါတဲ့ဝီစကီ​တွေဟာ ​​​လေလံတင်​တာ၊ တစ်​ကိုယ်​ရည်​စုစည်းထားတာနဲ့ လက်​လီ​ရောင်းချသူ​တွေဆီက​နေ ကျပန်း​ရထားတာ​လို့သိရပါတယ်​။

အတု​တွေဖြစ်​​နေတယ်​လို့​တွေ့ခဲ့ရတဲ့အထဲ လူတစ်ဦးဆီကေ​နရတဲ့Ardberg 1885နဲ့ (၂၀)ရာစုအစပိုင်းကThorne’s Heritage Blended Whiskyတို့လည်းပါဝင်​ပါတယ်​။

တစ်​ဆင့်​ပြန်​​ရောင်းတဲ့​ဈေးကွက်​ထဲမှာပျံ့နှံ့​နေတာနဲ့ လူတစ်ဦးချငိးပိုင်​ဆိုင်​ထားတာ​တွေထဲမှာ ပေါင်​​ငွေ(၄၁)သန်း​လောက်​တန်​ဖိုးရှိတဲ့ရှားပါးစ​ကော့ဝီစကီ​တွေဟာ အတု​တွေလို့ Rare Whisky 101ကခန့်​မှန်း​နေပါတယ်​။

ဒါဟာ အခုနှစ်​ကုန်​မှာ ​ပေါင်​​ငွေ(၃၆)သန်းရှိလာမယ်​လို့Rare Whisky 101ကခန့်​မှန်း​နေတြဲ့​ဗိတိန်​​ဝီစကီ​လေလံ​ဈေးကွက်​ထက်​ များ​နေပါတယ်​။
Source-BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply