ဒေးဗစ်လုခ်အပြောင်းအရွှေ့အတွက် မန်ယူနှင့် ချယ်လ်ဆီးတို့ ဆွေးနွေးနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိ

0
219

ဇန်န၀ါရီ – ၈ ၂၀၁၈

မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့ဟာ ဒေးဗစ်လုခ် အပြောင်း အရွှေ့အတွက် စတင်ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါသည်။

မန်ယူ အသင်းဟာ ဒေးဗစ်လုခ်ကို ယခုဇန်န၀ါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနှင့် ဆွေးနွေးနေခြင်း ဖြစ်ပါသည်။

အဆိုပါ ဘရာဇီးသားသည် ချယ်လ်ဆီးအတွက် ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးနေသူဖြစ်ပြီး မကြာခဏ ဆိုသလို နည်းပြကွန်တီ၏ လူစာရင်းမှ ချန်လှပ်ခြင်း ခံနေရသူ ဖြစ်ပါသည်။ သူသည် ယခုတစ်ပတ်အတွင်း ယှဉ်ပြိုင်ခဲ့သော FA ဖလားပြိုင်ပွဲဖြစ်သည့် နော့ဝှစ်နှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအတွက် ၁၂ ပွဲမြောက် ၀င်ရောက်ကစားခဲ့ရပါသည်။ယခုအခါ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက သူ့၏ တပည့်ဟောင်းဖြစ်သူ ဒေးဗစ်လုခ်ကို မန်ယူအသင်းထံသို့ ခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်ပါသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုနှင့် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီတို့ဟာ ယခုတစ်ပတ်အတွင်း စကားလုံးတိုက်ပွဲများ အပြန်အလှန် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေးဗစ်လုခ်၏ အပြောင်းအရွှေ့ သတင်းမှာ ဥရောပမီဒီယာထက်ကို တက်လာခြင်းဖြစ်ပါ သည်။မီဒီယာတချို့၏ ဖော်ပြသုံးသပ်ချက်အရ ဒေးဗစ်လုခ်၏ အပြောင်းအရွှေ့သည် အထမြောက်မှု မရှိနိုင်ကြောင်း ဖော်ပြလျှက်ရှိသည်။

NN

Leave a Reply