တစ်သောင်းတန်အတု မသိဘဲသုံးစွဲနေသူများအား အရေးယူမည်မဟုတ် ငွေစက္ကူအတုပြုလုပ်သည့်နေရာအား သိရှိထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ

0
109

ဒီဇင်ဘာ ၂၂
ယဉ်ကေနွယ်

တစ်သောင်းတန်ငွေစက္ကူအတုများ ကုန်သွယ်မှုပြုလုပ်ရင်းမည်ဆိုပါက အရေးယူသွားမည်မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိအသုံးပြုမည်ဆိုပါက အရေးယူဆောင်ရွက်သွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေး က ပြောသည်။

တစ်သောင်းတန်ငွေစက္ကူအတုထုတ်လုပ်နေမှုအားသိရှိထားပြီးဖမ်းဆီးအရေးယူနိုင်ရေးအတွက် စီစဉ်နေသည်ဟု ၎င်း က ဆိုသည်။

“ဒီဟာတွေကို ဘယ်နေရာက ထွက်လဲဆိုတာ သိပါတယ်။ဘယ်နံပါတ်တွေ အဖြစ်များလဲဆိုတာ ကျွန်တော်တို့သိပါတယ်။သိတဲ့အတွက် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ငွေစက္ကူအတုပြုလုပ်တဲ့သူတွေပေါ့နော်။အတုလုပ်တဲ့သူတွေကို ဖော်ထုတ်နိုင်ဖို့ဖမ်းဆီးနိုင်ဖို့ ပြုလုပ်နေပါပြီ”ဟု ဦးဇော်ဌေးကပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က သမ္မတအိမ်တော်ဝန်းရှိ ရှင်းလင်းဆောင်ခန်းမ တွင် ၂ ပတ်လျှင် တစ်ကြိမ်ပြုလုပ်သည့် သတင်စာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ သုံးစွဲသူတွေကိုတော့ အရေးယူမယ်။မသိပဲဒါတွေရောက်လာတဲ့သူတွေဆိုအရေးအယူဘူးနောက်ဆုံးကျရင်တော့ အတု လုပ်တဲ့သူရယ်၊အတုဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ်။ကျန်တဲ့နစ်နာတဲ့သူတွေကိုတော့ ဥပဒေနဲ့အညီဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဗဟိုဘဏ်နဲ့ ဆွေးနွေးနေပါတယ်”ဦးဇော်ဌေးကပြောသည်။

စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ကိုင်ပြီးပြန်လာသည့် အမျိုးသမီးထံမှတွေ့ရှိသည့် တစ်သောင်းတန်ငွေစက္ကူအတု ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး စင်္ကာပူနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေးကပြောသည်။

“စင်္ကာပူနဲ့ ကျွန်တော်တို့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။သူတို့ဘက်ကလည်းမြန်မာနိုင်ငံဘက်ကို သူတို့ရတဲ့သတင်းပေးပါတယ်။ဘယ်သူက ဘယ်ကနေ ဘယ်လို စင်္ကာပူထဲကို ဒီတစ်သောင်းတန်အတုတွေ သွင်းလာတဲ့ imformation ရတယ် အဲ့ဒါကျွန်တောာ်တို့စီစစ်ပြီးတော့ ဖော်ထုတ်ဆဲဖြစ်ပါတယ်”ဟု ဦးဇော်ဌေးကပြောသည်။

တစ်သောင်းတန်ငွေစက္ကူအတု အား အစစ်ဖြစ်အောင်ပြန်လဲပေးရေးသည် ဗဟိုဘဏ်၏ဥပဒေတွင်မပါရှိသည့် အတွက် နစ်နာသူများအတွက် ဥပဒေနှင့်အညီလုပ်ဆောင်ပေးနိုင်ရေးအတွက် စဉ်းစားပေးလျက်ရှိကြောင်း ဦးဇော်ဌေးကပြောသည်။

တစ်သောင်းတန်ငွေစက္ကူအတုများထွက်ရှိ နေသည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၊ပြည်သူ့ငွေစာရင်းကော်မတီမှ ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့က လွှတ်တော်ရေးရာဆောင်တွင် တွေ့ဆုံဆွေးနွေးထားသည်။

Leave a Reply