အိုဇေးကိုခေါ်ဖို့ စောင့်ကြည့်နေတဲ့ မော်ရင်ဟို

0
1027

ဇန်န၀ါရီ ၈ ၊ ၂၀၁၈

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အာဆင်နယ်ကွင်းလယ်လူ အိုဇေး ကို ယခုအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် စောင့်ကြည့်နေကြောင်း သတင်းရရှိ ပါသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် ဂျာမနီနိုင်ငံသား အိုဇေး အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်းခန့်ကို ပေးချေဖို့အထိ စဉ်းစားထားကြောင်း သိရသည်။

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သော အာစင်ဝင်ဂါးသည် အိုဇေးအား အသင်းတွင် ဆက်လက်တည်ရှိရန် သွေးဆောင်ဖြားယောင်း ခဲ့သော်လည်း အထမြောက် အောင်မြင်ခဲ့ခြင်း မရှိခဲ့ဘဲ အိုဇေးမှာ စာချုပ်အသစ်ကို ငြင်းဆန်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ မော်ရင်ဟိုအနေဖြင့် အိုဇေးကို ခေါ်ယူနိုင်ရေးအတွက် PSG ၊ဘိုင်ယန်မြူးနစ် စသည့် အသင်းများနှင့် အပြိုင်ကြိုးစားရဖွယ်ရှိနေကြောင်း သတင်းရရှိသည်။

NN

Leave a Reply