မူးယစ်မှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ အမှု ဒီဇင်ဘာ ၂၈ ရက်တွင် အမိန့်ချမည်

0
77

ဒီဇင်ဘာ ၂၄
နိုင်လင်းဦး

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆို​တော်​ ရသ (ရဲမင်းသိန်း) ပါ (၃) ဦးအား ဒီဇင်ဘာလ ၂၈ ရက်နေ့ ရုံးထုတ်တွင် အပြီးသတ်အမိန့်ချသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်တရားရုံး က သိရသည်။

အဆို​တော်​ ရသ (ရဲမင်းသိန်း) ပါ (၃) ဦးအား ဒီဇင်ဘာလ ၂၄ ရက်နေ့က မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အပြီးသတ်လျှောက်လဲချက်တင်ခြင်းပြုလုပ်ခဲ့သည်။

“အမှုက ဒီနေ့ အပြီးသတ်လျှောက်လဲချက်တင်တယ် ။ တရားလိုပြသက်သေကလည်း နည်းတယ် ။ ခံပြသက်သေ လည်းနည်းတယ် ။ ပုံမှန်အပတ်စဉ်စစ်ဆေးဖြစ်တဲ့အတွက် အမှုပြီးတာမြန်တယ်။” ဟု တရားရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်” ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက်နေ့က သတင်းအရဝင်ရောက် ရှာဖွေရာမှ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲမင်းသိန်း(ခ) အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က) ဖြင့် တရားရုံးတွင် စွဲချက်တင်ထားကြောင်း သိရသည်။

Leave a Reply