ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းဖြင့် ကော်တင်ဟိုအား ဘာစီလိုနာခေါ်ယူ ၊လီဗာပူးလ်မှ ရာသီကုန်အထိ အငှားပြန်ပေးရန် အလိုရှိနေ

0
216

ဇန်န၀ါရီ ၈ ၊ ၂၀၁၈
လီဗာပူးလ်အသင်း၏ အဓိက ကွင်းလယ်လူဖြစ်သော ဖီးလစ်ပီကော်တင်ဟိုသည် တနင်္လာနေ့တွင် ဘာစီလိုနာနှင့် ဆေးစစ်မှုများ အောင်မြင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းဖြင့် တရားဝင် ရောက်ရှိသွားပြီဖြစ်ပါသည်။

လီဗာပူးလ်အသင်းအနေဖြင့် ယခုနှစ် ဘောလုံးရာသီအကုန်အထိ ၄င်းတို့၏ ကစားသမားဟောင်းကို ဘာစီလိုနာထံမှ အငှားဖြင့် ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက်ရှိ သည်။

ကော်တင်ဟို၏ အပြောင်းအရွှေ့ကို တနင်္လာနေ့တွင် ပေါင် ၁၄၂ သန်းဖြင့် သဘောတူ ညီခဲ့ပြီဖြစ်ကြောင်း နှစ်ဖက်အသင်းများက တရားဝင်ကြေညာခဲ့ပြီး ကော်တင်ဟို အနေဖြင့် ယခုအခါ နျူးကမ်းကွင်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလ ကတည်းက ကော်တင်ဟိုကို ခေါ်ယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ယခုဇန်န၀ါရီ အပြောင်း အရွှေ့ကာလမှသာ တရားဝင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။

“ကျွန်တော် ငွေကြေးကြောင့် ဘာစီလိုနာကို ပြောင်းခဲ့တာ မဟုတ်ပါဘူး။ ဘာစီလိုနာ အတွက် အပြောင်းအလဲတွေ ဖြစ်ချင်လို့ ပြောင်းခဲ့တာပါ။ ဘာစီလိုနာမှာ နေချင်တဲ့ ဆန္ဒလည်း ပါဝင်ပါတယ်”လို့ ကော်တင်ဟိုက ဆိုပါတယ်။

လီဗာပူးလ်အသင်းအနေဖြင့် ရာသီကုန်အထိ ကော်တင်ဟိုကို အငှားပြန်ခေါ်ချင်သည့် ကမ်းလှမ်းချက်ကို ဘာစီလိုနာအသင်းက ပယ်ချခဲ့ပြီး ကော်တင်ဟိုအား ဘာစီလိုနာ ကစားသမားအဖြစ် ကြာသပတေးနေ့မှာ ကစားမည့် ကိုပါဒယ်ရေးဖလားပွဲဖြစ်သော ဆဲလ်တာဖီကိုနှင့် ပွဲစဉ်မှာ စတင်မြင်တွေ့ရဖွယ်ရှိနေပါသည်။

NN

Leave a Reply