အုပ်​ချုပ်​​ရေးမှူး​ရွေးချယ်​ပွဲ မဲ​​​ပေးရန်​ သွားစဉ်​ပြန်​မ​ရောက်​သဖြင့်​ လူ​ပျောက်​တိုင်​ကြား

0
668

ရန်ကုန် ၊ ဇန်​နဝါရီ ၈ ၊ ၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီး၊ဒဂုံမြို့သစ်​(​တောင်​ပိုင်း) ၊ (၂၁)ရပ်​ကွက်​​၊ ပညာ​ရေး(၂)လမ်း၊မ/၄၃၃​ တွင်​နေထိုင်သော မဇင်​မာ​အေး(၃၇)နှစ်​သည်​ ဇန်​နဝါရီ ၇ ရက်နေ့၌ ​​အုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ပွဲသို့ မဲ​​​ပေးရန်​သွားစဉ်​ နေအိမ်​သို့ ပြန်​ရောက်လာခြင်း မရှိသောကြောင့် မိသားစုမှ လူ​ပျောက်​မှုဖြင့် တိုင်​ကြားထား​ကြောင်း ဒဂုံမြို့သစ်​ရဲတပ်​ဖွဲ့စခန်းမှသိရသည်​၊

“လူ​ပျောက်​ဖွင့်​ပြီး တိုင်​ကြားတာပါ။စုံစမ်းမှု​တွေပြုလုပ်​​နေပါတယ်​”ဟု
ဒဂုံမြို့သစ်​(​တောင်​ပိုင်း)ရဲတပ်​ဖွဲ့စခန်းမှတာဝန်​ရှိသူမှ​ပြောသည်​။

ဖြစ်စဉ်မှာဒဂုံမြို့သစ်(​တောင်ပိုင်း)(၂၁)ရပ်ကွက်၊ပညာ​ရေး(၂)လမ်း၊ မ/၄၃၃​​နေ မဇင်​မာ​အေး(ဘ)ဦးစိန်​ဝင်းသည် ​ရပ်​ကွက်​အုပ်​ချုပ်​​ရေး မှူး ​ရွေးချယ်​ပွဲသို့မဲ​ပေးရန်​ ​နေ့လယ် ​၁နာရီအချိန်​တွင် နေအိမ်​မှထွက်​သွားခဲ့ရာ ​နေအိမ်​သို့ပြန်​လည်​မ​ရောက်​ရှိသောကြောင့် ​ဒဂုံမြို့သစ်​(​တောင်​ပိုင်း) ရဲတပ်​ဖွဲ့စခန်းတွင်​မိဘများမှလာ​ရောက်​တိုင်းတန်းခဲ့ပြီး
လူ​ပျောက်​အမှတ်​စဉ်​ ၆/၂၀၁၈ ဖြင့်​အမှုဖွင့်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။

အဆိုပါ​ပျောက်​ဆုံးသူမိဘများမှ​ မဇင်​မာ​အေးအား​တွေ့ရှိပါက ဖုန်း –
09250016564 သို့ဆက်​သွယ်​အကြောင်းကြား​ပေးပါရန် ​နှင့်​ နီးစပ်​ရာ
ရဲစခန်းများသို့ဆက်သွယ်အကြာင်းကြား​ပေးပါရန်အသိ​ပေး ​ဖော်ပြထား
ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply