မွန်ပြည်နယ်ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ရေးသားသည်ဟုဆိုကာ ပြည်သူတစ်ဦးကို တရားစွဲဆိုရန်စီစဉ်

0
175

ရန်ကုန် ၊ ဇန်န၀ါရီ ၈ ၊၂၀၁၈

မွန်ပြည်နယ်ဝန်ကြီးချုပ် နှင့် လူထုတွေ့ဆုံပွဲနေ့အကြောင်အရာများကို လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည့် ပြည်သူတစ်ဦးအား မြို့မိမြို့ဖ တစ်ဦး၏တိုင်ကြားချက်ကြောင့် တရားဆိုစွဲရန် စီစဉ်လျှက်ရှိကြောင်း အမှုဖွင့်တိုင်ကြားခံရသူ ဦးအောင်ကိုကိုလွင်က ယနေ့မနက်တွင် ပဉ္စမလှိုင်းမိဒီယာသို့ပြောသည်။

“ဒီမနက်တောင်ဥပဒေရုံးမှာသွားလိုက်နေတာ ကျွန်တော့်မျက်စိနဲ့တွေ့ တာ။ရဲစခန်းကတော့ ဒီနေ့ဥပဒေကို တင်တယ်တဲ့။ ဒီကိစ္စက အာမခံပေးလို့ မရတဲ့ကိစ္စဖြစ်တဲ့အတွက် အကြံတောင်းကြ လာရင်တော့ကျွန်တော်ကို့ဖမ်းမှာပေါ့” ဟု ဦးအောင်ကိုလွင် ကပြောသည်။

Aung Ko Ko Lwin အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲကိစ္စနှင့် ပတ်သတ်ပြီး ဝေဖန်ရေးသားမှုများသည် ၀န်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဂုဏ်သိက္ခာထင်ပေါ် ကျော်ကြားမှုများကို ထိခိုက်စေသည်ဟု ဆိုကာ မြို့မိမြိုဖ တစ်ဦးဖြစ်သူ ဦးစောကျော်မိုးက တရားလိုပြုတိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြို့မိမြိုဖ တစ်ဦးအနေဖြင့် တိုင်းကြားထားသည့် ဦးစောကျော်မိုးမှာ မွန်ပြည်နယ်လွှတ်တော် ၊ တိုင်းရင်းသားရေး ရာများကော်မတီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၄င်းတိုင်ကြားမှုကို သထုံမြို့မရဲစခန်းတွင် နိုင်ငံသားများ၏ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှု နှင့် ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်သည့် ဥပဒေပုဒ်မ ၈ (စ) ဖြင့် ငြိစွန်းသဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ဇန်န၀ါရီ ၃ ရက်နေ့၌ လူထုနှင့်တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းများကျ ဆင်းစေရန်အတွက် ဟင်းတစ်မျိုးဖြင့်သာ စားရမည်ဟုပြောခဲ့သဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး အဆိုပါနေ့တွင် ၄င်းတို့၏ မေးမြန်မှုများကို မဖြေကြားခဲ့သည့်အတွက်လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကိုကိုလွင်ကပြောသည်။

“သထုံဈေးအတွက် ထရန်စဖော်မာတောင်းပါတယ်။ သူရူးချင်ယောင် ဆောင်သွားတာတော့မတတ်နိုင် ဘူး။ သထုံငါးဦးစီးရှေ့ရထား သံလမ်းကူးမှာ LED မီးအချက်ပြတောင်းပါတယ် ။ရောင်ပြန်ဆိုင်းဘုတ် တွေ တောင်းပါတယ်။စကားမေးတောင်မရဘူး။ သုဓမ္မ၀တီမြို့သစ် အတွက်ဘောလုံးကွင်းအတွက်တင်ပြပါ တယ်။သူတာဝန်မကျေခဲ့တာပါ။ ပြီးတော့မှ ၀ှက်ဖဲကိုချပြတာလက်မခံပါ။ ၁ဒသမ၃ ဘီလီယံတဲ့လား။ သူသာတကယ်ဆန္ဒရှိရင် သထုံဈေးလျှပ်စစ်မီးရရှိရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထရန်စဖော် မာတစ်လုံးချပေးလို့ရပါတယ်။ လမ်းအချက်ပြမီးတွေ လမ်းဆုံတိုင်းတပ်ဆင်ပေးလို့ရပါတယ်။ သုဓမ္မ၀တီဘောလုံးကွင်းအတွက် လည်းများကြီး ပလန်ချ တိုးတက်အောင် လုပ်ပေးလို့ရပါတယ်။ သူပြောသွားပါတယ်။ ဒေါ်စံဝင့်ခိုင်က မီးတစ်ပွင့်ဘဲ ဆိုလိုတဲ့ ” ဟု Aung Ko Ko Lwin ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ဇန်န၀ါရီလ ၃ ရက်နေ့ ညနေ ၆ နာရီ ခန့်ကရေးသားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောစရာ ရှိတာပြောဟုဆိုသောကြောင့် အားမနားတမ်း ပြောဆိုမိခြင်းဖြစ်ပြီး လွန်တာရှိပါက တောင်းပန်ပါတယ် ဟု ၄င်း၏ ဖေ့ဘွတ်စာမျက်နှာ တွင် ဇန်န၀ါရီလ ၇ ရက်နေ့ကရေးသားထားသည်။

ဦးအောင်ကိုကိုလွင်ကို ဇန်န၀ါရီလ ၆ ရက်နေ့နေ့တွင် သထုံရဲစခန်းမှ ဖုန်းဖြင့်ခေါ်သောကြောင့် သွားရောက်ခဲ့ပြီး အမှုဖွင့်ထားသည်ဟု ပြောကာ အာမခံ လက်မှတ်ထိုး၍ လွှတ်ပေးလိုက်ပြီး တရားစွဲဆိုခွင့် ကျပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်းသိသည်။

ဖြိုးဖြိုး

Leave a Reply