အဆိုတော် လားရှိုးသိန်းအောင် အမေရိကန်တွင် ကွယ်လွန်

0
191

ဒီဇင်ဘာ ၂၈
ပဉ္စမလှိုင်း

အဆိုတော်လားရှိုးသိန်းအောင် သည် ယနေ့နေ့လယ် ၂ နာရီခန့်က အမေရိကန်နိုင်ငံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ဂစ်တာသမားနိုင်ဇော် ၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

“ခင်မင်စရာကောင်းတဲ့အကိုကြီးကိုဂျင်မီ(လားရှိုးသိန်းအောင်)ကွယ်လွန်ခြင်းအတွက်မိသားစုနဲ့ထပ်တူဂီတသမားများနဲ့ထပ်တူနှမြောမိပါတယ်ကောင်းရာမွန်ရာရောက်မယ်လို့လည်းယုံကြည်ပါတယ်” ဟု ဂစ်တာသမားနိုင်ဇော် က လူမှုကွန်ယက်တွင် ရေးသားထာသည်။

လာရှိုးသိန်းအောင်သည် နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ငှက်ငယ်အလား ကိုယ့်အမှား၊ စက်ခေါင်းအမှတ် ၀၀၉ စသည့် နာမည်ကြီး သီချင်းကောင်းများစွာအား သီဆိုခဲ့သည့် စတူဒီယိုခေတ်ဦး အဆိုတော် ဖြစ်သည်။

Leave a Reply