တွံတေးမြို့နယ်တွင် ကျူးကျော်စမတ်ကတ်များ ​ရောင်းဝယ်​​နေမှု မရှိဟုဆို

0
146

ရန်ကုန် ၊ဇန်​နဝါရီ ၈ ၊၂၀၁၈
ရန်​ကုန်​တိုင်း​ဒေသကြီး၊​တောင်​ပိုင်းခရိုင်​၊ တွံ​တေးမြို့နယ်​တွင်​ ကျူးကျော်စမတ်ကတ်များ ရောင်းဝယ်နေမှုများကို တိုင်ကြားမှုများရှိနေသည်​ဆိုသည့်​ သတင်းမှာ မဟုတ်​မှန်​​ကြောင်း မကြားမိ​ကြောင်းတွံ​တေးမြို့နယ်​တိုင်း​ဒေသကြီး လွတ်​​တော်အမှတ်(၂)မှ ကိုယ်စားလှယ် ဦး​နေနိုင်ဦးက​ပြောသည်​။
 
“တွံ​တေးမှာ​တိုင်​ကြားတာတော့မရှိပါဘူး။ဝန်​ကြီးအဖွဲ့နဲ့ ​မြေရှင်​​တွေ ညှိနှိုင်း​နေတာကအိမ်ရာတိုက်ခန်းများဆောက်လုပ်ပေးဖို့ကိစ္စပါ”ဟု
တွံ​တေးမြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​အမှတ်​(၁)​ဒေါက်​တာ​ကျော်​ဇင်​လတ်​ကဆိုသည်​။
 
တွံ​တေးမြို့နယ်​တွင်​ အိမ်ရာတိုက်ခန်းများဆောက်လုပ်ပေးမည်
ဆိုသောကြောင့် ကျူးကျော်စမတ်ကတ်များ ရောင်းဝယ်နေမှုများကို တိုင်ကြားမှုများရှိနေသည်​ဆိုသည့်​သတင်းများ ထွက်​​ပေါ်​နေခဲ့ရာ The Fifth Wave News(ပဉ္စမလှိုင်းမီဒီယာ)မှ ဆက်​သွယ်​​မေးမြန်းခဲ့ခြင်းဖြစ်​သည်​။
 
ရန်​ကုန်​တိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ခုနှစ် စက်တင်ဘာလမှ ယခုနှစ်ဇူလိုင်လအထိ ကောက်ယူမှုပြီး ကျူးကျော်များ နေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းကျော် ကို စမစ်ကတ်များ ထုတ်ပေးခဲ့ကြောင်း၊၎င်းကျူးကျော် စမတ်ကတ်များ ထုတ်ပေးထားသည့် ကျူးကျော်များကို တွံတေးမြို့နယ်တွင် အိမ်ရာတိုက်ခန်းများ ဆောက်လုပ်ပေးမည်ဆို​သော်​လည်း ရန်​ကုန်​​တောင်​ပိုင်းနှင့်​ ​မြောက်​ပိုင်း
ခွဲ၍စီစဉ်​​ဆောင်​ရွက်​နိုင်​​ကြောင်းသိရသည်​။
 
မြတ်​ဟိန်း​ကျော်
ရန်ကုန် ၊ဇန်​နဝါရီ ၈ ၊၂၀၁၈
 
ရန်​ကုန်​တိုင်း​ဒေသကြီး၊​တောင်​ပိုင်းခရိုင်​၊ တွံ​တေးမြို့နယ်​တွင်​ ကျူးကျော်စမတ်ကတ်များ ရောင်းဝယ်နေမှုများကို တိုင်ကြားမှုများရှိနေသည်​ဆိုသည့်​ သတင်းမှာ မဟုတ်​မှန်​​ကြောင်း မကြားမိ​ကြောင်းတွံ​တေးမြို့နယ်
တိုင်း​ဒေသကြီးလွတ်​​တော်အမှတ်(၂)မှကိုယ်စားလှယ်ဦး​နေနိုင်ဦးက
ပြောသည်​။
 
Leave a Reply