ARSA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်အတွက် ရခိုင်တွင် လုံခြုံရေးတိုးမြှင့်မည်

0
152

ဓာတ်ပုံ ဦဇော်ဌေး ဖေ့စ်ဘွတ်

ရန်ကုန် ၊ ဇန်နဝါရီ ၈ ၊၂၀၁၈

ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ရုံမှ တစ်ပါး အခြား
နည်းလမ်းမရှိကြောင်း ထုတ်ပြန်ကြေညာချက် နှင့်ပတ်သတ်ပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်ဒေသတွင်းလုံခြုံရေးကို တိုးမြှင့်ထားမည်ဖြစ်ပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီထုတ်ပြန်ချက်အတွက် ရခိုင်ဒေသတွင်းလုံခြုံရေးကိုတိုးမြှင့်ထားမှာဖြစ်သလို ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ဦးဇော်ဌေးက
ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ဇန်နဝါရီ ၅ ရက်တွင် မောင်တောမြောက်ပိုင်း တရိန်းကျေးရွာအနီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားပြီး မြန်မာအစိုးရကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ရေသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ အစိုးရများ
အကြား ယမန်နှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးယင်းသဘောတူစာချုပ်အရ ပြန်လည်လက်ခံရေး ကို ယခုလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ် ထိခိုက်မှုမရှိစေရန် အထူးအလေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာထားသည်။

အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပိုမိုအားနည်းမှုကိုသာ ဖြစ်ပေါ်စေပြီး ပါဝင်ပတ်သက်သူအားလုံးတို့၏ ပြောဆို ဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများ ၎င်းတို့၏ မူရင်းအရပ်ဒေသများသို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် လုံလုံခြုံခြုံ နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သော အခြေအနေကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်စေလိုသည်ကို တိုက်တွန်းကြောင်း အမေရိကန်သံရုံးကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ တပ်မတော်ကနယ် မြေတည်ငြိမ်အေးချမ်းမှုနှင့် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေမဲ့ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု တပ်မတော်က နိုဝင်ဘာ ၁၃ ရက်၌ သတင်းထုတ်ပြန်ထားသည်။

ဖြိုးဖြိုး

Leave a Reply