မုံးကိုးမြို့တွင်​ထောင်​မိုင်း ၂ လုံးအားထင်းခုတ်​သွားသူရွာသား(၅)ဦးနင်းမိရာမှ​ပေါက်​ကွဲမှုဖြစ်​ပွား

0
294

ရန်ကုန် ၊ ဇန်နဝါရီလ ၉၊၂၀၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ မုံးကိုးမြို့ မန်ဂျပ်​​ကျေးရွာဟောင်း တောင်ဘက် ၇ မိုင်ခန့် အကွာ၌ ဇန်နဝါရီ လ ၈ ရက် မနက် ၁၁ နာရီ ၅၀ အချိန်လက်နက်ကိုင်တစ်စုထောင်ထားသော မိုင်း ၂ လုံးအား
ထင်းခုတ်​သွားသူ​ဒေသခံရွာသား(၅)ဦးနင်းမိရာမှ ပေါက်ကွဲမှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

“ဖြစ်​စဉ်​မှန်​တယ်​။ကျွန်​​တော်​တို့လက်​လှမ်းမမှီတဲ့ဧရိယာမှာ​ရောက်​​နေတယ်​။သတင်း​တော့တင်​ထားပါတယ်​။သူတို့ကတစ်ဘက်​မှာ​ဆေးသွားကုတယ်​ဗျ၊။ တကယ်​လို့ပြန်​လာရင်​​တော့​ဆေးဝါးကုသမှု​တွေ၊​စောင့်​​ရှောက်​ကူညီမှု​တွေလုပ်​​ပေးမှာပါ”ဟုမူဆယ်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူးရဲမှူး​ကျော်​ဇင်​က The Fifth Wave News (ပဉ္စမလှိုင်းမီဒီယာ)၏ ဆက်​သွယ်​​မေးမြန်းချက်​ကို​ဖြေကြားသည်​။

ဖြစ်​စဉ်​မှာ မုံးကိုးမြို့ ၊ ရပ်​ကွက်​(၆) ၊ မန်​ဂျပ်​​ကျေးရွာ​နေသူများဖြစ်​​သောဒေသခံရွာသား ၅ ဦး ထင်းခုတ်​သွားစဉ်​ မိုင်းနင်းမိ၍​ပေါက်​ကွဲခဲ့ရာဦးယိမ်း​ယော်​(၃၅)နှစ်​(​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး၊ယာ​ပေါင်​ဒါဏ်​ရာတစ်​ချက်​၊ဦးဒိုင်​​ဇေ(၃၂)နှစ်​၊နဖူးအလယ်​တစ်​ချက်​၊ဝဲမျက်​လုံးတစ်​ချက်​၊ဦး​ခေါင်​​ဒေါင်​(၃၄)နှစ်​ဝဲယာ​ခြေသလုံး၊ဝဲယာလက်​ထိမှန်​၊ဦး​လောက်​ဖ(၃၅)နှစ်​ယာ​ပေါင်​ဝဲ​ခြေ
မိုင်းထိမှန်​ ခဲ့​ကာ​(၄)ဦးမှာဒါဏ်​ရာများရရှိခဲ့​ကြောင်း၊
ထို့​နောက်​ကျန်​ရှိသူဦး​ခေါင်​​ဒေါင်​(၃၄)နှစ်​၊(ခရစ်​ယာန် သင်း​ထောက်​ဆရာ)မှာရွာကိုပြန်​အ​ကြောင်းကြားပြီး အခင်းဖြစ်​ရာသို့ပြန်​လာစဉ်​​နောက်​ထပ်​မိုင်းတစ်​လုံးထပ်​နင်းမိသဖြင့်​ဒူး​အောက်​ပိုင်းပြတ်​၊ယာ​ပေါင်​ထိမှန်​ခဲ့
ကြောင်း ၊၎င်းတို့(၅)အနက်​ ဦးဒိုင်​​ဇေနှင့်​ဦး​ဇောင်း​ခေါင်​တို့မှာ စိုးရိမ်​ရ​ကြောင်း မုံးကိုးပြည်​သူ့စစ်​အဖွဲ့များမှ
တရုတ်နိုင်ငံ မန်ဟိုင်းဆေးရုံသို့  အချိန်မှီ ဆေးကုသနိုင်ရန်ပို့ ဆောင်ကုသသော်လည်းစိုးရိမ်​ရသဖြင့်​ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မန်စီဆေးရုံသို့ထပ်​မံပို့​ဆောင်​ခဲ့ရ​ကြောင်းအဆိုပါဖြစ်​စဉ်​ဖြစ်​ပြီးခြင်းနယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ နယ်မြေလုံခြုံရေးအတွက် လိုက်လံရှင်းလင်းဆောင်ရွက်​​နေ​ကြောင်း မုံးကိုးပြည်​သူ့စစ်​အဖွဲ့မှဦး​ကျော်​စွာ​ကျော်​ပြောပြချက်​အရသိရသည်​။

ြုမတ်​ဟိန်း​ကျော်

ဓာတ်​ပုံ Kyaw Swer Kyaw

Leave a Reply