လကမ္ဘာတစ်ဖက်ခြမ်းကို တရုတ်အာကာသမစ်ရှင်ဆင်းသက်

0
141

ဇန်န၀ါရီ ၃
နိုင်ငံတကာသတင်း

စက်ရုပ်အာကာသယာဉ်ဟာ လကမ္ဘာရဲ့တစ်ဖက်ခြမ်းကိုဆင်းသက်နိုင်ခဲ့ပြီလို့ တရုတ်နိုင်ငံဘက်ကပြောပါတယ်။

အခုဆင်းသက်နိုင်မှုဟာ သမိုင်းမှာပထမဆုံးအနေနဲ့ လကမ္ဘာရဲ့တစ်ဖက်ခြမ်းကိုဆင်းသက်နိုင်ခဲ့တာပါ။

ဒီနေ့တရုတ်စံတော်ချိန်(၁၀)နာရီ(၂၆)မိနစ်မှာ လူလိုက်ပါခြင်းမရှိတဲ့ချန်အီ(၄)အာကာသယာဉ်က လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းအအစ်ကန်(S.P.A)ချိုင့်ဝှမ်းကို ဆင်းသက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင်ဂလိုဘယ်တိုင်းမ်စ်သတင်းစာမှာဖော်ပြပါတယ်။

ဆင်းသက်တဲ့ဒေသရဲ့ဘူမိဗေဒလက္ခာရပ်တွေနဲ့ ဇီဝဗေဒဆိုင်ရာစမ်းသပ်မှုတွေလုပ်ဖို့ ကိရိယာတွေကို အဲဒီယာဉ်ပေါ်မှာပါလာပါတယ်။

အခုဆင်းသက်နိုင်တာက အာကာသလေ့လာရေးမှာ မိုင်တိုင်တစ်ခုဖြစ်သွားပြီလို့ တရုတ်သိပ္ပံပညာရပ်များဆိုင်ရာအကယ်ဒမီ၊ လပေါ်လေ့လာရေးဌာနကကျွမ်းကျင်သူ ကျိုးရန်လျောင်းက ပြောတယ်လို့ ဂလိုဘယ်တိုင်းမ်စ်မှာပါဝင်ပါတယ်။

(၁၉၅၀)ခုနှစ်တွေကတည်းက အာကာသယာဉ်(၁၀၀)ကျော်ဟာ လကမ္ဘာပေါ်မှာ စူးစမ်းလေ့လာခဲ့ပြီးပေမဲ့ လကမ္ဘာရဲ့ကမ္ဘာနဲ့မျက်နှာချင်းဆိုင်မဟုတ်တဲ့တစ်ခြမ်း(အမှောင်ခြမ်း(သို့မဟုတ်)အခြားတစ်ဖက်ဟုလည်းသုံးနှုန်းကြသည်)ကို တရုတ်နိုင်ငံက ပထမဆုံးဆင်းသက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ချန်အီ(၄)က ဂြိုဟ်ပတ်လမ်းကြောင်းကိုနိမ့်ဆင်းပြီး လမျက်နှာပြင်ပေါ်ဆင်းသက်ဖို့ ပြင်ဆင်ခဲ့တာပါ။

ဆင်းသက်ဖို့စုံစမ်းနေတာတွေက လမျက်နှာပြင်နဲ့အနီးဆုံး(၉)မိုင်လောက်အထိရောက်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာတွေမှာဖော်ပြခဲ့တာပါ။

ဗွန်ကာမန်လို့ခေါ်တဲ့ချိုင့်ကြီးထဲကိုဆင်းသက်မှာပါ။

ပြီးခဲ့တဲ့(၂၀၁၃)ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခဲ့တဲ့ချန်အီ(၃)ထက် ချန်အီ(၄)က ပိုရှုပ်ပြီး ကျွမ်းကျင်မှုပိုလိုတဲ့အကြောင်းရင်းက လရဲ့တစ်ဖက်ခြမ်း(အမှောင်ခြမ်း)ကို ဆင်းသက်ဖို့ရည်ရွယ်ထားတာကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီခရီးစဉ်ကြောင့်ပဲ တရုတ်နိုင်ငံအနေနဲ့ လပေါ်ကကျောက်တွေနဲ့ဖုန်မှုန့်တွေကို ကမ္ဘာပေါ်ပြန်သယ်လာနိုင်ချေရှိနေပါတယ်။

ဂြိုဟ်ဆင်းယာဉ်နဲ့လပေါ်သွားယာဉ်တွေကို ဒီဇင်ဘာ(၇)ရက်မှာ ရှီချန်းဂြိုဟ်တုလွှတင်ရေးစခန်းက လွှတ်တင်ခဲ့ပြီး လပတ်လမ်းကြောင်းပေါ်ကို ဒီဇင်ဘာ(၁၂)ရက်မှာရောက်ရှိခဲ့ပါတယ်။

အခုအစီအစဉ်ဟာ တရုတ်ရဲ့လပေါ်လေ့လာရေးအတွကိ ပိုကြီးမားတဲ့အစီအစဉ်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။

ချန်အီ(၁)နဲ့(၂)တို့က လပတ်လမ်းကြောင်းအချက်အလက်တွေရယူဖို့ဖြစ်ပြီး ချန်အီ(၃)နဲ့(၄)တို့ကတော့ လမျက်နှာပြင်ပေါ်ဆင်းပြီး လေ့လာရေးလုပ်ဖို့ဖြစ်ပါတယ်။

လာမယ့်ချန်အီ(၅)နဲ့(၆)တို့ကတော့ လပေါ်ကကျောက်တွေနဲ့မြေဆီလွှာတွေကို ကမ္ဘာပေါ်ကဓာတ်ခွဲခန်းတွေဆီပြန်ပို့ပေးဖို့ဖြစ်ပါတယ်။

Source-Global Times and BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply