ရန်​ကုန်​တိုင်းမြို့နယ်​အချို့တွင်​အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်

0
154

ရန်ကုန် ဇန်​နဂါရီ ၉ ၊၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် အပတ်စဉ်ဆောင်ရွက်လျက်ရှိသော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများထိန်းသိမ်းပြုပြင်ခြင်း ၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်သောကြောင့် ဇန်နဝါရီလ ၉ ရက်နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့တို့တွင် နံနက် ၉နာရီမှ ၁၂ နာရီအတွင်း အချိန်ပိုင်းယာယီ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှသိရသည်​။

“ရန်​ကုန်​တိုင်းကမြို့နယ်​အားလုံးမဟုတ်​သလို တစ်မြို့နယ်​လုံး လည်း မဟုတ်​ဘူး။ဓာတ်​အားလိုင်း နဲ့မလွတ်​ကင်းတဲ့မြို့နယ်​​တွေကရပ်​ကွက်​အချို့သာအချိန်​ပိုင်း ဖြတ်​မှာပါ”ဟုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်း(YESC)မှစက်​မှုအင်​ဂျင်​နီယာ
ဒေါ်ခင်​သ​ပြေနုမှ​ပြောသည်​။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ ရရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် မဖြစ်မနေဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်စဉ်အတွင်း အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ထန်းတပင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်အချို့ ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အများပြည်သူများထံသို့ အသိ​ပေး​ဖော်ပြ​ပေးထား​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply