ဖရဲ ၊သခွားစိုက်​ တောင်​သူများကို Farmers Marketဆိုင်​ခန်းများတွင်​ ရောင်းချခွင့်​ပြု

0
100

ဇန်​နဝါရီ ၃
ဝေဝေဖြိုး

မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့်​ သီရိမင်္ဂလာဈေးရှိ Farmers Market ဆိုင်​ခန်းများတွင်​ ဖရဲ ၊သခွားစိုက်​ တောင်​သူများ
လာရောက်​ ရောင်းချနိုင်​အောင်​ စီစဉ်​ဆောင်​ရွက်​ထားကြောင်းသိရသည်​။

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား အဓိကတင်ပို့နေသည့်တရုတ်နိုင်ငံ ဝင်ပေါက် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို လုံခြုံရေးအရဟုဆိုကာ ပိတ်​ထားမှုကြောင့်​ သစ်သီးကားများသောင်​တင်​လျက်​ရှိပြီး တောင်​သူများအနေဖြင့်​ Farmers Market တွင်​ လာရောက်​ရောင်းချမည်​ဆိုပါက ခွင့်​ပြုမည်​ဖြစ်​ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ အတွင်းရေးမှူး ဦးကျော်​သူကပြောသည်​။

“သီရိမင်္ဂလာဈေးမှာ လက်​ရှိရောင်းနေတဲ့သူတွေလဲ ရှိတယ်​ ။သူတို့ ရောင်းချင်​ရင်​တော့ ခွင့်​ပြုထားပါတယ်​။ဒါပေမယ့်​ တရုတ်​ပြည်​ကို ရောင်းတဲ့အားနဲ့ ပြည်​တွင်း စားတဲ့ အားနဲ့က ဘယ်​လိုမှ ယှဉ်​လို့မရဘူး ။ဒီဘက်​က နဲနဲပဲ စားနိုင်​တာဆိုတော့ အဆင်​မပြေဘူး။ဈေးနှုန်းအနေ နဲ့ကလဲ ဟိုဘက်​လောက်​ ဈေးပေးဝယ်​စားနိုင်​တဲ့သူမရှိဘူး။ အဲ့တာကြောင့်​ ဒီမှာရောင်းတဲ့သူတွေလဲ ရောင်းကြသလို ဟိုကိုတင်​ချင်​တဲ့သူတွေလဲ တင်​နေကြတယ်​။”ဟု ၎င်းကပြောသည်​။

တောင်​သူများအနေဖြင့်​ ခူးထားပြီး သစ်​သီးများကို တရုတ်​ဘက်​သို့ မတင်​ပို့ရသေးပါက သီရီမင်္ဂလာဈေးတွင်​ လာရောက်​ရောင်းချနိုင်​အောင်
စီစဉ်​ဆောင်​ရွက်​ပေးခြင်းဖြစ်​သည်​။

ယင်း သီရိမင်္ဂလာဈေးရှိ Farmers Market တွင်​ဖရဲ၊သခွားကား အစီးရေ တစ်​ရက်​လျှင်​ ၆ စီးခန့်​သာရောင်းချနိုင်​သည်​ဟုဆိုသည်​။

လက်​ရှိတွင်​ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား အဓိကတင်ပို့နေသည့် တရုတ်နိုင်ငံဝင်ပေါက် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကိုသာ ပိတ်​ထားခြင်းဖြစ်​ပြီး သစ်​သီးကားများအနေဖြင့်​ ကြူကုတ်​ ပန်​ဆိုင်းဝင်​ပေါက်​မှ သွားရောက်​နိုင်​သည်​ဟုဆိုသည်​။

” မြန်​မြန်​ဖွင့်​စေချင်​တယ်​ ပုတ်​လွယ်​ သိုးလွယ်တဲ့
ကုန်​စိမ်းဖြစ်​နေတဲ့အခါကျတော့ ကြာလေ နောက်​ဆုံး တစ်​ပြားမှ မရတဲ့အဆင့်​ဖြစ်​သွားမှာ မြန်​မြန်​ဖွင့်​မှ အဆင်​ပြေမှာ အောက်​မှာလဲ မှည့်​ပြီး ခူးလို့ရတဲ့ အသီးတွေက အများကြီးရှိနေတော့ ဒီဟာကြာလေ အောက်​ကအသီးတွေက တက်​လို့မရဆိုတော့ ဈေးကွက်​ကြီးတစ်​ခုလုံး ပျက်​သွားနိုင်​တဲ့အနေထားဖြစ်​တဲ့အတွက်​ကြောင့်​ မြန်​မြန်​ဖွင့်​ပါစေပဲ ဆုတောင်းပေးပါတယ်​”ဟုဦးကျော်သူ ကပြောသည်​။

ယင်းနယ်​စပ်​ဂိ​တ်​မှ တရုတ်​နိုင်​ငံသို့ သစ်​သီးရောင်း​ချသည့်​ ကားအစီးရေမှာ တစ်​ရက်​လျှင်​ ၅၀၀ ခန့်​ရှိသော်​လည်း ကြူကုတ်​ ပန်​ဆိုင်းဘက်​မှ တစ်​ရက်​လျှင်​ ကားအစီးရေ ၂၀၀ ၊၂၅၀ ခန့်​သာ ထွက်​သောကြောင့်​ ကားများသောင်​တင်​နေခြင်းဖြစ်​သည်​။

သစ်​သီးကားများ ကျင်စန်းကျော့ နယ်​စပ်​ပေါက်မှ ဝမ်တိန်ဘက်သို့ ဝင်ရောက်ရာတွင် တရုတ်နိုင်ငံဘက်မှ စစ်ဆေးစနစ် ကြန့်ကြာခြင်းကြောင့် ၁၀၅ မိုင် ကျင်စန်းကျော့လမ်းပိုင်း၌ ဒီဇင်ဘာလ ၂၆ ရက်ကသစ်​သီးကားအစီးရေ ၄၉၄ စီး ပိတ်မိနေသဖြင့် ဒီဇင်ဘာလ ၂၇ ရက်တွင် မြန်မာနိုင်ငံဘက်မှ ကျင်စန်းကျော့ဂိတ်အား ဝင် ၊ထွက်ခွင့်ပိတ်လိုက်ခြင်းဖြစ်​သည်​။

လက်ရှိတွင် ကျင်စန်းကျော့ နယ်​စပ်​ပေါက်မှ ဝမ်တိန်ဘက်သို့ ဝင်ရောက်ရာတွင် ယခင်က တံဆိပ်တုံးနှိမ့်၍ ဖြတ်သန်းသွားလာ ခွင့်ပြုသော်လည်း ယခုအခါ လူမျက်နှာကို စကန်ဖက်ခြင်း၊ လက်ဗွေ ၁၀ ချောင်းနှိပ်​ရခြင်းတို့ကြောင့် ယခင်ကထက် သစ်သီးကားဝင်ရောက်မှုမှာ ကြန့်ကြာလာပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ကားအစီးရေ ၇၀၀ ကျာ် ရပ်ဆိုင်းထားခဲ့ရသည်​။

ပုံစာ – တရုတ်နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် သောင်တင်နေတဲ့ မြန်မာ့ဖရဲသီးများ

Leave a Reply