လွန်ခဲ့သည့် (၁၈) နှစ် ကျော်အချိန် က ကျဆုံးခဲ့သည့် မီးသတ်ရဲဘော်များကို အမျှဝေ

0
116

ဇန်နဝါရီ ၃
နိုင်လင်းဦး

မန္တလေးတိုင်း​ဒေသကြီး ပြင်​ဦးလွင်​မြို့နယ် ပြင်ဦးလွင် – မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၉/၅ မိုင် အကွေ့မှာ လွန်ခဲ့သည့် (၁၈) နှစ် ကျော်အချိန် က ကျဆုံးခဲ့သည့် မီးသတ်ရဲဘော်များကို ရည်စူး၍ ဒုတိယအကြိမ် ဘုရားအနေကဇာတင်ခြင်း ဆု​တောင်းမေတ္တာပို့ အမျှဝေခြင်းတို့ကို ဇန်နဝါရီလ ၃ ရက်နေ့ က ပြုလုပ်ခဲ့သည် ။

လွန်ခဲ့သည့် (၁၈) နှစ် ကျော်အချိန် က ဇီးပင်​ကြီးဗဟို မီးသတ်​သင်​တန်း​ကျောင်းမှ ​ကျောင်းဆင်းပြီး ပြန်​လာကြသည့် ဧရာဝတီတိုင်းဒေသကြီး မှ မီးသတ်​ရဲ​ဘော်​ (၄၀) ​ကျော်မှာ ပြင်ဦးလွင် – မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၉/၅ မိုင် အကွေ့တွင် မတော်တဆမှုဖြင့်သေဆုံးခဲ့ကြသည် ။

ထိုသို့ သေဆုံးခဲ့သည့် မီးသတ်ရဲဘော်များအတွက် ရည်စူး၍ ၂၀၀၀ ခုနှစ် က စေတီ​တည်ထားခဲ့ခြင်းဖြစ်သည် ။

Leave a Reply